အခန်း(၃၃)

1.9K 186 2
                                    

အခန်း(၃၃)

ကယ်တင်ရှင်။ နာခံမှု ရှိရှိစောင့်နေ။

အခန်းတွင်းမှ Han Yunxi ဟာ ပထမအပ်တစ်ချောင်းစစိုက်လိုက်သည်။ သူမ မကြားချင် သော်လည်း အပြင်မှငြင်းခုန်သံတွေအား ကြားနေရတုန်းပင်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ တစ်ယောက်ယောက်ကသာ အခန်းထဲ အပြေးအလွှားဝင်လာရင် ပိုဆိုးကုန်တော့မှာပဲ။ သူတို့က သူမကို လုပ်ကြံသူလို့ စွပ်စွဲမှာ သေချာသည်။ သို့ရာတွင် သူမ အရေးကြီးနေပေမယ့် အပ်တစ်ချောင်းချင်းသာစိုက်ပြီး အဆိပ်ဖြေနိုင်သည်။

စစ်သူကြီးMu ရှင်သူတို့ကို သေချာပေါက်ထိန်းထားနိုင်ရမယ်။

ကြီးထွားလာသည့် ချွေးသီးချွေးပေါက်များအား လျစ်လျူရှုရင်း သူမအံကြိတ်လိုက်ပြီး အာရုံစိုက်ကာ ဒုတိယအပ်တစ်ချောင်း စိုက်လိုက်တယ်။

မြောက်ပိုင်းတရားရေးအရာရှိ၏စကားကြောင့် အရာရှိတစ်ချို့ ဟာရှေ့တက်လာကြတယ်။ စစ်သူကြီးMuဟာ မျက်ခုံးကျုံလိုက်ရင်း သည်းမခံနိုင်တော့ပဲ ဓါးထုတ်လိုက်တယ်။  “လာကြစမ်း စစ်သူကြီးငယ်ကို ကာကွယ်ကြ။"

ထိုစကားများနောက်မှာတော့ လှံကိုင်ထားသည့် တပ်သားများ တစ်ဖက်တစ်ချက်မှ ထွက်လာကြသည်။ ဒီမြင်ကွင်းကြောင့် မြောက်ပိုင်းတရားရေးအရာရှိHe Zeဟာ အေးစက်စွာ အသက်ရှူလိုက်ပြီး “စစ်သူကြီးMu ဒါဘာအဓိပ္ပါယ်လဲ။ခင်များက စစ်တပ်ကို လှုပ်ရှားစေချင်တာလား။"

ထိုအချိန်မှာတော့ လူတိုင်းဟာ စစ်သူကြီးMuမှာ ဤကဲသို့လုပ်ဆောင်မည်ဟု မထင်ထားပုံဖြင့် အံ့သြသွားကြသည်။ တိုက်ပွဲမြေပြင်မှ စစ်သူကြီး၏အာဏာအား အမိန့်နှင့်မချုပ်နှောင်နိုင်ဆိုသော်လည်း စစ်သူကြီးMu ဟာ မြို့တော်တွင် နေထိုင်နေခြင်းပင်။ ဧကရာဇ်အမိန့်မရှိပဲ စစ်တပ်အား လှုပ်ရှားခွင့်မရှိပေ။ စစ်သူကြီးMu၏ ကိုယ်ပိုင်တပ်သားများဟာ မြို့တော်အပြင်၌သာတပ်စွဲခွင့်ရပြီး လက်တစ်ဆုပ်စာ အစောင့်များသာ အိမ်တော်တွင် စောင့်ကြပ်နေကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now