အခန်း(၇၀)

1.9K 182 0
                                    

အခန်း(၇၀)

ထိတ်လန့်ဖွယ်။ လာဘ်ထိုးတဲ့အထိတောင်။

 

Han Yunxi မှ ဝင်လာသည်အား မြင်သည်နှင့် တစ်ပြိုက်နက် ဧကရာဇ် Taihui ၏ အမူအရာမှာ ယခင်ကနှင့် လုံးဝပြောင်းလဲသွားသည်။ “Yunxi လာ.. လာ… မြန်မြန် Tianmo ကို သွေးခုန်နှုန်းစမ်း။ တော်ဝင်သမားတော်အကုန်လုံးကတော့ ပုံမှန်ပဲလို့ ပြောပေမယ့် မင်းလဲ စမ်းကြည့်သင့်တယ်။"

အိမ်ရှေ့စံသတိရလာတာက ဧကရာဇ် Taihui ကို ဘယ်လောက်တောင် ပျော်စေလဲဆိုတာ ကောင်းကင်ကပဲ သိလိမ့်မယ်!!!

Han Yunxi မှ သည်  ချင်ဝမ်ဖေး သို့မှ Yunxi  , Han Yunxi  ကြားရသည်မှာ အလွန်ပင် သက်တောင့်သက်သာ ခံစားလိုက်ရတယ်။ သူမရဲ့ ကြိုးစားမှုက အချည်းအနှီးမဖြစ်ဘူးဆိုတာ အခုတော့ သူမသိလိုက်ပြီ။ ဧကရာဇ် Taihui က သူ့ရင်ထဲမှာ သူမကို ဘယ်လိုပင် မြင်နေပါစေ သူအနည်းဆုံးတော့ သူမနဲ့ ထိုက်တန်တဲ့ လေးစားမှုပြရပြီး သူမရာထူးကို အသိအမှတ်ပြုရတော့မယ်။ သူမ လမ်းလျှောက်သွားလိုက်ပြီး မယ်တော်ကြီးနဲ့ ဧကရီမှ အလျင်စလိုလမ်းဖယ်ပေးလိုက်သည်။ သူတို့နှစ်ယောက်စလုံးမှာ ကြင်နာ ရက်ရောတဲ့ အမူအရာချိတ်ဆွဲထားတယ်။ သူမအား မနှစ်မြို့ခဲ့သော Long Tianmo ၏ မျက်နှာတွင်ပင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။

“တော်ဝင်အဒေါ် ချင် , ပင်ပန်းခဲ့ရပါပြီ။"

Han Yunxi မှာ အပြုံးတုတစ်ခု တင်လိုက်ရင်း ထိုင်လိုက်ကာ သူ၏ သွေးခုန်နှုန်းအား ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့ဖြင့် အခန်းတစ်ခုလုံးမှာလည်း အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။ ယေဘူယျအားဖြင့် အန္တရာယ်မရှိတော့သော်လည်း သူမကိုယ်တိုင် လုပ်ဆောင်ရင်း လူတိုင်းအား စိတ်လှုပ်ရှားနေစေလိုက်သည်။ Gu Beiyue တစ်ယောက်သာ Han Yunxi မှ လေးနက်ချင်ဟန်ဆောင်မှန်း မြင်ကာ သတိမပြုစွာ အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

ဒီအမျိုးသမီးက အလေးအနက်ထားဟန်ဆောင်နေချိန်တောင် လှနေတုန်းပဲ။

နောက်ဆုံးတွင် Han Yunxi မှာ အလေးအနက်ထားဟန်ဆောင်ပြီးနောက် ပြောလိုက်သည်။ “  ပြသနာမရှိတော့ပါဘူး။ ဒဏ်ရာကို ပုံမှန် ပတ်တီးလဲပေးပြီး ရက်အနည်းငယ်လောက် အနားယူခိုင်းလိုက်ပါ။ ဒဏ်ရာကျက်ရင် အိပ်ရာပေါ်ကဆင်းလို့ရပြီ။ သူက အသက်သွေးဆေးလုံးသောက်ထားတာမို့ တခြားဆေးတွေမလိုတော့ဘူး။ အဆင်ပြေပါတယ်။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now