အခန်း(၁၀၂)

1.6K 165 6
                                    

အခန်း(၁၀၂)

စစ်ဆေး မေးမြန်းခြင်း။ ရက်စက်သော နည်းလမ်းများ။

အစောင့်မှာ အမျိုးသမီးအကျဥ်းသူအား သံလှောင်အိမ်ထဲသို့ ထည့်လိုက်ကာ အသားစားကြွက်ကြီးက ကိုက်ဖြတ်စေတော့မည်ဟု Han Yunxi မှာ ထင်လိုက်မိသော်လည်း အမှန်တရားမှာတော့ သူမ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်သွားသည်။

အစောင့်မှာ သူမအား သံလှောင်အိမ်ဘေးတွင် တင်းကျပ်စွာ ချုပ်ထားကာ လူဦးခေါင်းလောက်ရှိသော တံခါးအား လျင်မြန်စွာဖွင့်လိုက်ပြီး အထဲမှ ကြွက်က ထွက်မပြေးနိုင်ခင် အကျဥ်းသူ၏ ခေါင်းဖြင့် အပေါက်အား ပိတ်လိုက်သည်။

ဘုရားရေ

Han Yunxi မှာ အသက်ရှူရသည်ပင်အေးစက်သွားသည်။ Long Feiye အား အပြစ်ပြုမိခြင်း၏ ကြောက်မက်ဖွယ် အကျိုးဆက်အား သူမ ရုတ်တရက် သတိပြုမိလာသည်။

အမျိုးသမီး အကျဥ်းသား၏ ခေါင်းမှာ တံခါးအား ပိတ်ထားပြီး ဆာလောင်နေသော ကြွက်မှာ ရောက်ရှိလာကာ သံလှောင်အိမ်ထဲမှ သူမ ဆံပင်မှ အရေပြားအထိကုတ်ခြစ်လာသည်။ ကြွက်က အကျဥ်းသူ၏ ခေါင်းအားကိုက်ခဲလိုက်သည်နှင့် ချွန်ထက်သော သွားများက ထွက်ပေါ်လာသည်။

“ရှိုက်..ရှိုက်”

ဒါပေါ့။ အကျဥ်းသူမှာ ဘာတွေဖြစ်လာနေလဲ သိနေသည်။ သူမ၏ အသားအရောင်မှာ ပြာကဲ့သို့ ဖြူဖျော့လာကာ မျက်လုံးများမှာလည်း ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်လာပြီး ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံး အားကုန်သုံးကာ ရုန်းကန်နေပြီး အဝတ်ဖြင့်ပိတ်ထားသော ပါးစပ်မှ ညီးတွားသံများ ထွက်လာသည်။ သူမမှာ သက်ညှာရန် တောင်းပန်နေဟန်ရှိသည်။ Long Feiye က သူမအား အနည်းငယ်မျှ အာရုံမစိုက် သော်လည်း ထိုအမျိုးသမီးမှာ Long Feiye အား ကြည့်ကာ ညီးတွားနေပြီး သူမ၏ ကြောက်ရွံ့နေသော မျက်လုံးများမှ တောင်းပန်နေမှုမှာထင်ရှားသည်။

သူမက သက်ညှာပေးရန် အသနားခံနေသည်အား မည်သူမဆိုပြောနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now