အခန်း(၁၃၆)

1.4K 176 7
                                    

အခန်း(၁၃၆)

မြန်မြန် ကြည့်ပါဦး။  တစ်ခုခု ဖြစ်နေပြီ။




အဆိပ်မရှိဘူး။ အာရုံခံစနစ်ရဲ့ အဖြေက အဆိပ်မရှိဘူးလို့ ပြနေတယ်။

Han Yunxi မှာ အေးစက်စွာ အသက်ရှူလိုက်ပြီး လက်ဖက်ခြောက်များအား မမှိတ်မသုန် ကြည့်နေသည်။ အေးစက်သော ချွေးများမှာလည်း သူမနောက်ကျောတွင် စိုစွတ်လာသည်။

အဆိပ်မရှိဘူး။ တကယ်ကို အဆိပ်မရှိဘူး။

ဘယ်လို…..

သူမက ဘာလုပ်လိုက်သလဲဆိုတာ မည်သူမျှ မသိချေ။ သူတို့ အကုန်လုံးမြင်ရသည်မှာ Han Yunxi မှ  လက်ဖက်ခြောက်များအား စူးစူးရဲရဲ စိုက်ကြည့်နေခြင်းသာ ဖြစ်သည်။ မဒမ်Li မှာ ပထမဆုံး စတင်ကာ အခက်အခဲများ ဖန်တီးလိုက်သည်။

“ လေးစားရတဲ့ဝမ်ဖေး အခု စမ်းသပ်တော့မှာလား။"

Han Yunxi မှာ လှောင်ပြောင်ချင်နေဟန်ရှိသည့် မဒမ်Li ၏ မျက်လုံးများအား မော့ကြည့်လိုက်သည်။သူမက Han Yunxi ၏ အမူအရာအား မြင်နိုင်ရန် တမင်လုပ်လိုက်ခြင်းသာ ဖြစ်သည်။ မဒမ်Li က တရားခံ အစစ်ဖြစ်နိုင်ရဲ့သားနဲ့ လက်ဖက်ခြောက်တွေက….

“ လေးစားရတဲ့ဝမ်ဖေး မြန်မြန် စစ်ဆေးပါ။" Han Ruoxue မှလည်း တိုက်တွန်းလိုက်သည်။

Mu Liuyue  မှာလည်း စိတ်မရှည်တော့ပဲ အေးစက်စွာ ပြောလိုက်သည်။ “Han Yunxi  ပြောလေ… နင်က ဘာလို့ ဘာမှ မပြောတာလဲ။ ဘာလဲ။ အဲ့ဒီစကားချိုချိုတွေက အဆိပ်စမ်းသပ်ဖို့ အတွက်ကြတော့ ညှိုးခြောက်သွားပြီလား။ နင်က လူတွေကို  ကြောက်အောင်လုပ်နေတာပဲ။ ဒါမှမဟုတ်ရင် အရူးလုပ်နေတာလား။ ငါနင့်ကို ပြောမယ်။ နင်က ချင်ဝမ်ဖေး ဖြစ်နိုင်ရင်တောင် ဒီနေ့ နင်က ရလဒ်တစ်ခုကို မပေးနိုင်ရင် ဒီသခင်မလေးက မယ်တော်ကြီးဆီသွားပြီး နင်ကတခြားသူတွေကို စွပ်စွဲနေတယ်လို့ တိုင်ကြားရလိမ့်မယ်။"

‘မယ်တော်ကြီး’ ဟူသော စကားအား ကြားလိုက်ရသည်နှင့် ကြင်ယာတော်ကြီးYi  ၏ စိတ်အခြေအနေမှာ ဆိုးရွားသွားသည်။ သူမက ဒေါသတကြီး အမိန့်ပေးလိုက်သည်။ “ Han Yunxi  နင်က ဘာမှားနေတာလဲ။ နင်က စစ်ဆေးမှာလား မစစ်ဆေးဘူးလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now