အခန်း(၅၀)

2K 176 2
                                    

အခန်း(၅၀)

ဧကရာဇ် အမိန့်တော်။ ကြောက်မက်ဖွယ်အရာ။

 

သူမ Long Feiye မရှိဘူးဟုထင်ထားသော်လည်း သူက အပြင်မသွားပဲ ရှိနေသည်။ ခေါက်ရမ်းခြံဝန်းသို့ သတင်းရောက်သွားလျှင် ဖြေကြားရန် ရောက်ရှိလာသည်။ ထောင်လွှားမြင့်မားသည့်ပုံသဏ္ဌာန်က တံခါးဝသို့ရောက်လာလျှင် Murong Wanru  သာမက အနီးရှိအစေခံမိန်းကလေးများပင် ထိတ်လန့်နီရဲလာပြီး နှလုံးခုန်မြန်လာကြသည်။  သူတို့က ကြည့်ချင်သော်လည်း မဝံ့ရဲပေ။

သူက အဖြူရောင် ဝတ်ရုံအား ဝတ်ဆင်ထားပြီး မှင်ရောင်နက်မှောင်သည့် ဆံပင်များအား ကျောက်စိမ်းဖြင့် တစ်နေရာတွင် စုစည်းထားသည်။ သူက နမဝမြောက်ကောင်းကင်ဘုံမှ ခံစားချက်မဲ့သည့် အဆင့်အတန်းမြင့် မသေမျိုးနှင့် ဆင်ပြီး  သိသာစွာပင် အေးစက်ခံ့ညားကာ သေမျိုးတို့၏ ဂရုစိုက်မှုအား မလိုအပ်ဟန်ရှိသည်။ ကြင်ယာတော်ကြီးYiမှာပင် အကြည့်မလွှဲနိုင်ပေ။ သူမ ဘဝတွင် ဤကဲ့သို့ သားမျိုးရှိသည်မှာ အကြီးကျယ်ဆုံးသော ပျော်ရွှင်မှုပင်။

ထိုအချိန်တွင် Han Yunxi မှာ လျှို့ဝှက်စွာပင် မျက်လုံးလိမ့်လိုက်သည်။ သူ၏ ပုံစံက အိပ်ရာထလာနဲ့တူပြီး အိမ်မှာရှိနေမှန်းသိသာတယ်။ အိမ်တော်သခင်တစ်ယောက်အနေနဲ့  ကိုယ်ပိုင်အိမ်တံခါးရှေ့က အရှုပ်အထွေးများအား လျစ်လျူရှုနေနိုင်တာ သူမစိတ်ထဲတွင် သြဘာပေးမိသည်။

ကြင်ယာတော်ကြီးYiက ထိုင်ခုံတွင်ထိုင်ရန် Long Feiye အားပျော်ရွှင်စွာဆွဲခေါ်လိုက်ပြီး ရှာလကာရည်ထဲ ဆီလောင်းထည့်သကဲ့သို့ အခြေအနေအား ရှင်းပြနေသည်။ သူမပြောဆိုနေပုံမှာ ကိစ္စအားလုံးက သူမအမှားပင်။ သူမ ကိုယ့်ကိုကိုယ်ထိန်းရင်း သဘောကျနေသည်။

Long Feiye တကယ်လို့ရှင်က မရှင်းနိုင်ရင် ဒီအန်တီက နောက်တစ်ကြိမ်ကျရင် ငွေတောင့် ၃၀၀၀ ဆိုရင်တောင် မကူညီဘူး။

သူမ စဥ်းစားနေချိန်မှာပင် သူကလှည့်လာပြီး မေးလိုက်သည်။ “Han Yunxi ဒါကို ငါတို့ဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်လဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now