အခန်း(၅၇)

1.9K 175 2
                                    

အခန်း(၅၇)

မြွေများနှင့်တိုက်ပွဲ။ ပြိုင်ဘက်ကင်း ခွန်အား။

ထိခိုက်ခြင်းမရှိပဲ လှည်းမှာအရှိန်ပြင်းပြင်းဖြင့် သွားနေသည်။ လေတိုးသံကြောင့်သာမဟုတ်လျှင် သူမတို့ လျင်လျင်မြန်မြန်သွားနေကြောင်း သိနိုင်မှာမဟုတ်ပေ။ လှည်းထဲတွင် သူမနှင့် Long Feiye သာရှိနေသည်။ သူမ ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် သူက တစ်ကြိမ်သာကြည့်လာကာ စကားမဆိုတော့ပဲ မျက်လုံးများ မှိတ်ထားသည်။ Han Yunxi မှာ ရဲတင်းသူဖြစ်ပြီး ဧကရာဇ်ရှေ့၌ပင် ငြင်းခုန်ဝံ့သည်။  သို့ရာတွင် ထိုလူ၏ သွေးအေးမှုအောက်တွင် သူမ သိမ်ငယ်မိသည်။ သူမ မြွေချောက်နက်အကြောင်း မေးမြန်းချင်သော်လည်း သူက မျက်လုံးမှိတ်ထားတာကြောင့် မမေးဝံ့ပေ။ ထိုအစား သူမ သူ့အား စေ့စေ့စပ်စပ် လေ့လာလိုက်သည်။

သူ၏ မျက်နှာသွင်ပြင်မှာ ကောင်းကင်မှ ထုဆစ်ပေးထားသကဲ့သို့ ဖြစ်ပြီး ကျဥ်းမြောင်းသော မျက်ဝန်း၊ မြင့်မားသောနှာတံနှင့် ပါးလွှသော နှုတ်ခမ်းများက အချိုးအဆကျစွာ တည်ရှိနေသည်။ Han  Yunxi  မှာ ကမ္ဘာပေါ်တွင်ဤမျှ သွေးအေးသည့် လူသားရှိမည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ သူကတိတ်ဆိတ်နေချိန်တွင် သူ၏ ထောင်လွှား ချဥ်းကပ်၍ မလွယ်သော အရှိန်အဝါက တခြားသူများအား အကွာအဝေးတစ်ခုမှသာ လေးစားနေစေနိုင်သည်။ သူက ကြင်ယာတော်ကြီးYi နီးကပ်မှုမရှိလျှင် ဧကရာဇ်ဟောင်းနဲ့ကော ဘယ်လိုလဲ။ ဒီလောကမှာ သူ့ရဲ့နွေးထွေးမှုနဲ့ အပြုံးမျက်နှာကို မြင်ဖူးတဲ့သူကော ရှိရဲ့လား။

တစ်နေ့နေ့တွင် သူ့ရှေ့မှာ အမျိုးသမီးတစ်ယောက်ပေါ်လာပြီး တစ်သက်စာကတိနှင့် နှစ်သက်မှုရယူသွားနိုင်မလားဆိုတာ သူမ မထိန်းနိုင်ပဲ သိချင်မိသည်။ သို့သော် Han Yunxi သူမအတွေးအား လျင်လျင်မြန်မြန်ပင် ရယ်မိသွားသည်။ သူမ အတွေးလွန်နေတာပဲ။ ဒီလိုအေးစက်ပြီး ခံစားချက်မရှိတဲ့သူက ဘယ်လိုကြောင့် အဲ့ဒီလို ခံစားချက်တွေ ရှိလာမှာလဲ။

သူမ၏ ရှုပ်ထွေးနေသော အတွေးများအား ဖယ်ရှားလိုက်ပြီး အကြည့်လွှဲကာ လှည်းအား ပျင်းရိစွာမှီလိုက်သည်။ သူမ မြွေချောက်နက်အကြောင်း ပိုသိနိုင်ရင် ကောင်းမှာပဲ။ ထိုလူက သူမအား ခေါ်လာသည်မှာ ဥာဏ်နီဥာဏ်နက်များ ရှိနေသည်ဟု မတတ်သာပဲ သူမခံစားနေရသည်။ သူမ အခြားတစ်နေရာသို့ ကြည့်နေစဥ်  Long Feiye ၏ မျက်လုံးများမှာ ဖြည်းညင်းစွာပွင့်လာပြီး သူမအား စူးစိုက်ကြည့်လိုက်သည်။ ထို အကြည့်တစ်ချက်ပြီးနောက် သူက မျက်လုံးပြန်မှိတ်သွားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Tahanan ng mga kuwento. Tumuklas ngayon