အခန်း(၆၉)

1.8K 193 5
                                    

အခန်း(၆၉)

နီးစပ်သော မေးခွန်းမေးလာခြင်း။ အဲ့ဒီလိုလား။

 



“အရှင်မင်းကြီး,  Yunxi တခြားသူရဲ့ အောင်မြင်မှုကို မဝံ့ရဲပါဘူး။ ဟန်မျိုးနွယ်ရဲ့ မျိုးဆက်သုံးဆက်ကိုပဲ သက်ညှာပေးစေချင်တာပါ။"

သူမ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး အလေးအနက်ထား ပြောလိုက်သည်။

“အရှင်မင်းကြီး Han Congan က ထူးဆန်းတဲ့ရောဂါလို့ ဆေးစစ်ချက်ထုတ်ခဲ့ပေမယ့် လျှို့ဝှက်ထားခဲ့ပါတယ်။ ဟန်အိမ်မှာ Han Congan က လွဲပြီး ကျန်တဲ့ မျိုးဆက်သုံးဆက်က အသေးစိတ် အခြေအနေတွေကို မသိဘူးလို့Yunxi က ယုံကြည်ပါတယ်။ ဘယ်သူမှလဲ အိမ်ရှေ့စံကို ကဲ့ရဲ့ဝံ့မှာ မဟုတ်ပါဘူး။ Yunxi  က တစ်ယောက်ရဲ့အမှားကို ကောင်းမှုနဲ့ ပြန်ပေးဆပ်ပြီး အပြစ်ကင်းတဲ့ သူတွေကို သက်ညှာပေးဖို့ တောင်းဆိုချင်ပါတယ်။"

သူမ၏ စကားများမှာ ပြာယာခတ်နေသော Han Congan အား တည်ငြိမ်သွားစေသည်။ သူက နောက်မှ အလျင်စလိုလိုက်ပြောလာသည်။ “အရှင်မင်းကြီး ဒီအမှုထမ်းက အိမ်ရှေ့စံရဲ့ ထူးဆန်းတဲ့ရောဂါကို ဘယ်သူ့မှ မပြောခဲ့ဘူးလို အသက်နဲ့ အာမခံနိုင်ပါတယ်။ အခန်းထဲမှာ ရှိနေတဲ့ သူတွေနဲ့ Yunxi အစား ကျွန်တော်မျိုးကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်။"

ဧကရာဇ် Taihui က မနှစ်မြို့သည့် အမူအရာဖြင့် စကားမပြောတော့ပေ။ ဧကရီမှာ တိတ်ဆိတ်စွာ ကြည့်နေပြီး ရင်ထဲတွင် အေးစက်စွာ ပြုံးနေသည်။ သခင်မ Tianxin နှင့် နှိုင်းယှဥ်လျှင် Han Congan မှာ နိမ့်ကျလွန်းအားကြီးတယ်။ ဒီနေ့ သမီးဖြစ်သူနဲ့ ယှဉ်လိုက်ရင် ကွာခြားမှုက ပိုကြီးသွားပြီ။ Han Yunxi က ဟန်မျိုးနွယ် မျိုးဆက်သုံးဆက်အတွက် အသနားခံနေချိန်မှာ Han Congan က သူ့အတွက်သူ တောင်းပန်နေတယ်။

“မယ်တော် သူတို့ကိုလွှတ်ပေးလို့ မရဘူး။ မဟုတ်ရင်  Tianmo က အနိုင်ကျင့်ခံလိုက်ရတာဖြစ်သွားမယ်။" ဧကရီက အသံတိုးတိုးဖြင့် ပြောလိုက်ပြီး နေရာတွင်ပင်  Han Congan အား သတ်ရန် အဆင်သင့်ဖြစ်နေသည်။

အတိတ်တွင် သခင်မကြီးTianxin မှ မယ်တော်ကြီးအား ကယ်တင်ခဲ့သလို ဧကရာဇ်မှ ဆင်းသက်လာသော လူတစ်ယောက်သည် အခြေအနေတစ်ရပ်လုံးအား ပြောင်းလဲပစ်နိုင်သည်။ အကယ်၍ နှစ်အနည်းငယ် နှောင့်နှေးသွား၍ သာမဟုတ်လျှင် အိမ်ရှေ့စံမှာ ညီလာခံတွင် အခိုင်အမာရပ်တည်နိုင်ပြီး အခြားတော်ဝင်မင်းသားများမှ အာဏာလွှမ်းမိုးလာသည်ကို တားဆီးနိုင်မည် ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now