အခန်း(၁၈၅)

1.3K 134 18
                                    

အခန်း(၁၈၅)

သံသယများ၊ အဲ့တော့ ဘာဖြစ်လဲ။






သမားတော်လီမှ လျှာကိုက်ကာ သတ်သေသည်ဟု ကြားလိုက်ရလျှင်Han Yunxi  ၏ မျက်လုံးများမှာ မည်းမှောင် သုန်မှုန်သွားသည်။ ခုနစ်မြောက်မဒမ်မှာ နောက်ဆုံးတွင် စကားပြောရန် အားရှိလာသည်။

“လေးစားရတဲ့ဝမ်ဖေး သမားတော်လီက ဆေးညွှန်းကို မှားပေးလိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူက ဟန်မိသားစု ဆေးခန်းမှာ ဘယ်လိုအမှားမှ မလုပ်ပဲ ဆယ်နှစ်လောက် အလုပ်လုပ်ခဲ့တာပါ။ သူက ဒီလို နိမ့်ပါးတဲ့ အမှားကို သေချာပေါက် လုပ်မှာမဟုတ်ဘူး။"

“ခုနစ်ယောက်မြောက် မဒမ် ဒီဆေးညွှန်းမှာ ရေးထားတာက သမားတော်လီရဲ့ လက်ရေးပဲ။ဒီအရာရှိက သမားတော်လီရဲ့ ဆေးပညာကျွမ်းကျင်မှုနဲ့ နှစ်ပေါင်းမနဲ အတွေ့အကြုံကြောင့် လူသတ်မှုအစား လူသေစေမှုလို့ပဲ စွဲချက်တင်လိုက်တာ။ ခုနစ်ယောက်မြောက်က ဒီအရာရှိကို ဒီလိုခိုင်လုံတဲ့ သက်သေတွေရှိတာကို အမှုဆင်ဖမ်းတယ်လို့ ပြောချင်တာလား။" စီရင်စုအုပ်ချုပ်ရေးမှူးမှ ပြောဆိုလိုက်သည်။

ခုနစ်ယောက်မြောက်မဒမ်မှာ သူ့အား ငြင်းဆန်ရန် နည်းလမ်းမရှိပဲ ခေါင်းယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ သမားတော်လီရဲ့ သေဆုံးမှုက ထူးဆန်းလွန်းတယ်။”

“သမားတော်လီက လျှာကိုက်ပြီး သတ်သေသွားတာ။ ဒီအရာရှိ မြင်ရသလောက်တော့ သူက အပြစ်ရှောင်လွှဲချင်တာ မဟုတ်ပေမယ့် အပြစ်တင်နေတဲ့ စိတ်ကြောင့် အမှားကို တောင်းပန်တဲ့ အနေနဲ့ သတ်သေသွားတာပဲ ဖြစ်ရမယ်။" စီရင်စုအုပ်ချုပ်ရေးမှူးမှာ အလွန်ပင် သေချာမှု ရှိနေသည်။

“မဟုတ်ဘူး။ နားလည်မှုလွဲတာ ရှိရမယ်။ ဒါက မဖြစ်နိုင်ဘူး။”  ခုနစ်ယောက်မြောက်မဒမ်မှာ မယုံကြည်နိုင်ပဲ Han Yunxi အား အသနားခံကာ ကြည့်လိုက်သည်။

အိမ်ရှေ့စံ၏ ကိစ္စနှင့်ပတ်သက်၍ ဟန်မိသားစု၏ နာမည်မှာ စွန်းထင်းသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် ပရဟိတဆေးခန်းမှပင် တစ်ယောက်ယောက်အား သေစေမိသွားသည်။ ဒီကိစ္စပြီးသွားရင် ဟန်မိသားစုက ဆေးပညာအသိုင်းအဝိုင်းမှာ ဘယ်လို ရပ်တည်ရတော့မှာလဲ။ သူတို့ရဲ့ မိသားစုပိုင်ဆိုင်မှုတွေကို ထောက်ပံ့မြင့်တင်ဖို့ ဘယ်လိုလုပ်ဆောင်နိုင်တော့မှာလဲ။ သမားတော်လီက အပြစ်ကနေ ရှောင်လွှဲဖို့ သတ်သေသွားနိုင်ပေမယ့် ဟန်မိသားစုကတော့ မဟုတ်ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now