အခန်း(၁၂၉)

1.5K 144 2
                                    

အခန်း(၁၂၉)

အရေးကြီးသည့် အချိန်မှ ရွေးချယ်မှု။

Han Congan မှာ Han Yuqi အား ဒေါသတကြီး ကြည့်လိုက်ပြီး ကြင်ယာတော်ကြီးYi ထံ ပြန်လှည့်လိုက်သည်။ “ အကြီးဆုံးသခင်လေးက ထောင်လွှားပြီး မပြည့်စုံဘူး။ ဟန်မိသားစုရဲ့ကံကောင်းမှုကို  ချွတ်ခြုံကျစေမယ့် ပိုးထည် ဘောင်းဘီလိုပါပဲ။ တခြား သခင်လေးတွေက အမြော်အမြင်မရှိပဲ ရူးမိုက်ပြီး ပါရမီလဲ မပါလာကြဘူး။ ဟန်မိသားစုက ဒုက္ခရောက်နေတဲ့ အချိန်မှာ ထွက်တောင် ပြေးသွားကြတယ်။ ခုနစ်ယောက်မြောက် သခင်လေးက ထက်မြက်ပြီး ပါရမီရှိပေမယ့် ငယ်ရွယ်လွန်းသေးပါတယ်။ သူက အိမ်တော်ခေါင်းဆောင်ရာထူးကို ဆက်ခံဖို့ အသင့်မဖြစ်သေးပါဘူး။ ဒါကြောင့် ဒီအပြစ်သားက ဟန်မိသားစုရဲ့ တစ်ဦးတည်းသော အိမ်ထောင်ကျပြီးသား သမီး ချင်ဝမ်ဖေးကို လုံခြုံရေးအတွက် အပ်ထားဖို့ ဆုံးဖြတ်လိုက်တာပါ။”

“အဖေ ကျွန်မ ရှိသေးတယ်လေ။ ကျွန်မက အိမ်ထောင်မပြုချင်ဘူး။ ကျွန်မက ဟန်မိသားစုရဲ့ ဆေးပညာကိုပဲ ​လေ့လာချင်တာ။"  Han Ruoxue မှာ အလွန်အမင်း သောကရောက်နေပြီး ငိုချတော့မတတ် ဖြစ်နေသည်။ သူမက သဘာဝ၏ အကောင်းဆုံးလက်ဆောင်များ ရှိနေသော်လည်း အဖေက သူမကို ဘာလို့ မစဥ်းစားပေးရတာလဲ။

သူ၏ အဖေဖြစ်သူမှ အပြစ်တင်သည်အား ကြားလျှင် Han Yuqi မှာ ပြန်ခုခံပြောဆိုချင်နေသော်လည်း သခင်မXu က သူ့အား ပြင်းထန်စွာ ဆိတ်ဆွဲကာ တားဆီးထားသည်။ "သခင်ကြီး Yuqi ကို ဘာလို့ အဲ့ဒီလို ပြောနိုင်ရတာလဲ။ သူက ငယ်သေးလို့ အပျော်အပါးမက်ပေမယ့် နောက်နှစ်နည်းနည်းလောက်ကြာရင် ပိုပြီး နားလည်လာမှာပါ။  ပြောစရာတောင်မလိုတာက သခင်ကြီးက ဆက်ခံသူကို မဆုံးဖြတ်ရသေးရင်တောင် သော့ကို ကျွန်မတို့နဲ့ အပ်ထားသင့်ပါတယ်။ ကျွန်မက ရှင့်ရဲ့ ဇနီးပဲလေ။"

သို့တိုင် Han Congan မှာ သူတို၏ စကားများအား ဖြေရှင်းရန် ထက်မြက်လွန်းသည်။ သူက ကြင်ယာတော်ကြီးYi အား တစ်ချိန်လုံး သတိထားကြည့်နေပြီး စကားစလိုက်သည်။ “ ကြင်ယာတော်ကြီးYi,  ကြင်ယာတော်ကြီး ကလည်း ဟန်မိသားစုရဲ့ အခြေအနေကို မြင်ရမှာပါ။ အဲ့တာကြောင့်မလို့ ဒီအပြစ်သားက ပညာမဲ့တဲ့ ဆုံးဖြတ်ချက်မချချင်ပါဘူး။ ဒီကလေးတွေကို နှစ်အနည်းငယ် ထပ်စောင့်ပေးဖို့အတွက်  သိုလှောင်ရုံသော့ကို Han Yunxi ထံမှာ အပ်ထားခြင်းကပဲ သမာသမတ်အကျဆုံး ရွေးချယ်မှုပါ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now