အခန်း(၉၃)

1.6K 167 0
                                    

အခန်း(၉၃)

ခိုင်လုံသော အကြောင်းပြချက်ဖြင့် တောင်းဆိုခြင်း။

သခင်မXuမှာ သူမ၏သားဖြစ်သူအား အရှက်မရှိဟု တွေးမိသော်လည်း သူ၏ ကျိန်ဆဲသံများကြောင့် ရင်ထဲတွင် ဝမ်းသာအားရဖြစ်နေသည်။ သူမ ပြုံးလိုက်ပြီး Han Yunxi မှ ချေပလာမည်အား စောင့်ကြည့်နေလိုက်သည်။ Han Ruoxue မှာလည်း ဤသည်အား မမျှော်လင့်ထားပဲ သူမ ကံဆိုးမှုပေါ်တွင် ပိုဆိုးအောင် ထပ်လောင်း ပြောဆိုလိုက်သည်။

“အိုက်ယား...... သခင်မXu အကြီးဆုံးသခင်လေးက ဘယ်သူ့ကို ကျိန်ဆဲနေတာလဲ။ အရမ်း မကျေမနပ်ဖြစ်နေပုံပဲ။"

“ကျိန်ဆဲခံရသင့်တဲ့သူကို ကျိန်ဆဲနေတာလေ။ ဘယ်သူပဲဖြစ်ဖြစ် ခိုးရင် သူခိုးပဲ။ သူတို့နဲ့ တန်တာပဲ။" သခင်မXuက ရယ်မောကာ သူမနှင့် တစ်လေသံတည်း ထွက်လာသူကြောင့် အားရကျေနပ်နေသည်။

“အဲ့လိုလား.. သူခိုးဆိုမှတော့ အပြစ်ခံရသင့်တယ်။ အရှက်မရှိပဲ နေတတ်တဲ့ ကြွက်စုတ်တွေထက်တောင် သူတို့က အနံ့ဆိုးသေးတယ်။" Han Ruoxue မှလည်း အသံထွက်လာသည်။

“အဲ့ဒီလိုပါဆို.. ဒီခေတ်မှာ အဲ့ဒီလို လူတွေ ပေါများနေတာ စိတ်မကောင်းစရာပဲ။"

သခင်မXu နှင့် Han Ruoxue မှာ အခွင့်အရေးအား အမိအရ အသုံးချကာ Han Yunxi အား စိတ်တိုလာစေရန် မျှော်လင့်ကာ ကဲ့ရဲ့ ရှုတ်ချနေကြသည်။ သို့သော် Han Yunxi မှ လျစ်လျူရှုထားလိုက်တယ်။ ထိုအခြင်းအရာအား မြင်လျှင် ထိုသူနှစ်ယောက်မှာ ဝါဂွမ်းအား လက်သီးနှင့် ထိုးနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့နှင့် သူတို့က အားကုန်ထုတ်မသုံးနိုင်တော့ပဲ တင်းကျပ်နေမှုအား ခံစားလိုက်ရသည်။ Han Ruoxue မှာ လက်မခံနိုင်သေးပဲ ထပ်မံ ပြောဆိုရန် ပြင်လိုက်စဥ် Han Yunxi မှ ဖြတ်ပြောလိုက်သည်။

“ဒုတိယမဒမ်.. အကြီးဆုံးသခင်လေးက အခုလို ကျယ်ကျယ်လောင်လောင် ဆဲဆိုနေတာကို နားထောင်ဖို့  အကုန်လုံးကို ခေါ်ထားတာလား။” Han Yunxi မှာ Yi’er လေးအား မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး ခုနစ်ယောက်မြောက်မဒမ်ထံ ပို့လိုက်သည်။ “ ဟန်အိမ်ရဲ့ လေးစားရမယ့် အကြီးဆုံးသခင်လေးက ဒီလို စရိုက်မျိုး ရှိနေတာလား။ သူက မိန်းမပျက်နဲ့တောင် မခြားတော့ဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now