အခန်း(၁၀၃)

1.6K 157 2
                                    

အခန်း(၁၀၃)

မထင်မှတ်ပဲ သူမက အန္တရယ်အများဆုံးဖြစ်နေတယ်။

Han Yunxi မှာ Long Feiye ၏ အမူအရာအားကြည့်ရင်း မသက်မသာဖြစ်လာသည်။ သူမ နှလုံးခုန် ရပ်မသွားခင် နာမည်စာရင်းအား ယူဖတ်လိုက်သည်။

စာရင်းတွင် နာမည် ၂၀ ပါပြီး ငါးယောက်မှာ ကလေးငယ်များဖြစ်ပြီး အကြီးဆုံးမှာ ဆယ်နှစ်ကျော်သာရှိသေးတယ်။ အကုန်လုံးမှာ Tianning အထက်တန်းစားမိသားစုများမှ ပထမဇနီးများ၏ သားများသာ ဖြစ်ပြီး တော်ဝင်မြေးတော် တစ်ယောက်ပင် ပါနေသည်။

Long Feiye ရဲ့ ရက်စက်တာက ဒီစာရင်းကို ယှဥ်လို့မရဘူး။

သို့သော် အဲ့တာက ထိတ်လန့်စရာအကောင်းဆုံး မဟုတ်သေးဘူး။ဒီနာမည်တွေ အားလုံးထဲကမှ အရင်းနှီးဆုံးနာမည်တစ်ခုက သူမအား အံ့အားသင့်သွားစေသည်။…Mu Qingwu……..

ဘုရားရေ

Mu Qingwu က နောက်သုံးနှစ်မှာ အသတ်ခံရမယ့် စာရင်းထဲ ပါနေတယ်။ သူ့ရဲ့ အဆိပ်မိနေတာက မြောက်ပိုင်းLi သူလျှိုတွေနဲ့ ဆက်စပ်နေနိုင်သည်ဟု သူမ စဥ်းစားမိခဲ့သော်လည်း အဲ့တာက သာမာန်ဝင်လာသော အတွေးလေးသာဖြစ်သည်။ စစ်သူကြီးအိမ်တော်က  Tianning မှာ မြင့်မားတဲ့ အဆင့်အတန်းရှိတာမို့ သူမက နက်နက်နဲနဲ စဥ်းစားမနေခဲ့ပေ။ စစ်သူကြီးအိမ်တော်၏ အာဏာနှင့် လွှမ်းမိုးနိုင်မှုအရ Tianning တိုင်းပြည် အတွင်း အပြင် နှစ်နေရာလုံးတွင် ရန်သူများစွာရှိနေသည်မှာ သဘာဝကျသည်။  ဒါပေမယ့် စစ်သူကြီးငယ်ရဲ့ အဆိပ်မိတာက အမှန်တကယ်ပဲ ဒီအမျိုးသမီးတွေ စီစဥ်တာဖြစ်နေပြီး သူတို့က စစ်သူကြီးရဲ့ ပတ်ဝန်းကျင်မှာ ပုန်းအောင်းနေတာ နှစ်ပေါင်းများစွာ ကြာပြီလို့ ဆိုလိုတာပဲ။

တကယ်လို့ အဲ့ဒီအခွင့်အရေးတုန်းကကြောင့်သာ မဟုတ်ရင်  Mu Qingwu ကိုယ်ထဲက ပုန်းကွယ်နေတဲ့ အဆိပ်ကို ဘယ်သူမှ သိမှာမဟုတ်ဘူး။ ရန်သူ့အတွင်းလူရဲ့ အစီအစဉ်အရဆို Mu Qingwu က နောက်ထပ် သုံးနှစ်ထပ်ပြီး အဆိပ်ခတ်ခံရလိမ့်မယ်။ တိကျတဲ့ အချိန်တစ်ခုရောက်တာနဲ့​ မြွေတစ်သောင်းအဆိပ်က မသေမျိုးတွေတောင် ကယ်ပေးနိုင်မှာ မဟုတ်ပဲ Mu Qingwu ကို သေချာပေါက် သေစေလိမ့်မယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် حيث تعيش القصص. اكتشف الآن