အခန်း(၁၃၅)

1.4K 156 11
                                    

အခန်း(၁၃၅)

စိုးရိမ်တကြီး။ အဲ့ဒီမှာ အဆိပ်ရှိနေလား။





Han Yunxi မှာ သူမစကား အရာမရောက်ခင် သေမည့်သူမဟုတ်ပေ။ သူမ၏ စကားတစ်ခွန်းက ကြင်ယာတော်ကြီးYi နှင့် ကျန်သူများ အပါအဝင်လူအုပ်အား တိတ်ဆိတ်သွားစေသည်။ သူတို့အားလုံးမှာ သတိလက်လွတ် ဖြစ်သွားကြသည်။

Han Yunxi က အမှန်တကယ်ပဲ ပြောလိုက်တယ်။

တရားခံက သူတို့ ကြားထဲမှာပဲရှိတယ်။ ပြီးတော့ သူမမှာ သက်သေရှိတယ်။

ဘုရားရေ.......အဲ့တာ အမှန်ပဲလား။

မဒမ်Li ထက် မည်သူမျှ ပို၍ ထိတ်လန့်မသွားနိုင်တော့ပေ။ သူမ၏ မျက်နှာမှာ ဖြူဆုတ်သွားပြီး လက်ဖဝါးများ ချွေးများဖြင့် စီးကပ်လာသည်။ လက်ဖက်ခြောက်.... အဲ့ဒီလက်ဖက်ခြောက်ဗူးက Han Yunxi လက်ထဲရောက်သွားတာလား။ သူမက မြွေတစ်သောင်းအဆိပ်ကို ရှာတွေ့သွားပြီလား။ တရားခံအစစ်ဆိုတာ သူမကို ပြောတာလား။

စက္ကန့်ပိုင်းလောက် မဒမ်Li မှာ မတ်မတ် မရပ်နိုင်ဖြစ်သွားသည်။ သူမက ခြေလှမ်းအနည်းငယ် နောက််ဆုတ်သွားပြီး Han Yunxi အား လှမ်းကြည့်လိုက်သည်။ လူတိုင်းမှာ Han Yunxi အား အာရုံစိုက်နေကြပြီး သဘာဝကျစွာပင် သူတို့၏ အကြည့်များမှာ သူမအကြည့်လားရာ ဖြူဆုတ်နေသည့် မျက်နှာဖြင့် မဒမ်Li ထံသို့ ရောက်လာကြသည်။မဒမ်Li က နောက်ဆုတ်လိုကာ တံခါးအား မှီလိုက်ရပြီး လွတ်လမ်း မရှိတော့ပေ။

Han Ruoxue မှာ ဘာဖြစ်နေမှန်း သဘောမပေါက်နိုင်သေးပဲ သူမအမေအား အလျင်အမြန် ကူညီလိုက်သည်။ Han Yunxi မှ သူတို့အား ညွှန်ပြလိုက်မည်ဟု မည်သူက ထင်မှာလဲ။ " တရားခံ အစစ်က အဲ့ဒီ သားအမိပဲ။"

ထိုစကားများမှာ လူအုပ်ထဲသို့ လျှပ်စီးလျှပ်ချ လိုက်သလိုပဲ။

အရမ်း အံ့သြဖို့ ကောင်းတယ်။

ကျီးကန်းတစ်ကောင်မှ စတင်စုစည်းလာကဲ့သို့ အစုအဝေးကြီးမှာလည်း နောက်သို့အလန့်တကြား ဆုတ်သွားကြသည်။ Han Yunxi မှ ပြောသည်မှာ အမှန်ဖြစ်စေ အမှားဖြစ်စေ သူတို့က အန္တရယ် မကျရောက်လိုကြပေ။ အဆိပ်ခတ်သူများမှာ သနားကြင်နာမှု မရှိပေ။ Mu Qingwu နှင့် Chu Xifeng မှလည်း Han Yunxi ဟာ မဒမ်Li အား လူကြားထဲတွင် ညွှန်ပြလိမ့်မည်ဟု မထင်မှတ်ထားပေ။ ကံကောင်းစွာဖြင့် သူတို့က အလျင်အမြန် တုံ့ပြန်လိုက်နိုင်ပြီး Han Yunxi အား ကာကွယ်ကာ မဒမ်Li ၏ လွတ်မြောက်နိုင်သည့် လမ်းကြောင်းများအား ပိတ်လိုက်သည်။ လူတိုင်းမှာ အံ့အားသင့်နေကြပြီး Han Ruoxue တစ်ယောက်သာ ဒေါသတကြီးဖြစ်နေသည်။ သူမက ကျင့်ဝတ်များအားလုံးအား မေ့ပစ်ကာ Han Yunxi အား လက်ညှိုးထိုးလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now