အခန်း(၇၈)

1.7K 164 2
                                    

အခန်း(၇၈)

လောင်းကြေးကြီးကြီး။

Han Yunxi က သူတို့တစ်ယောက်မှကို စစ်ဆေးမေးမြန်းခြင်း မလုပ်တော့ဘူး။ စစ်သူကြီးMuက စစ်ဆေးပြီးပြီ ဆိုမှတော့ သူမ ထပ်စစ်ဆေးလည်း အသုံးမဝင်နိုင်ဘူးလို့ တွေးလိုက်တယ်။ အခု တရားခံက သူတို့လို ရာထူးအဆင့်အတန်းက ဆိုမှတော့ သက်သေပဲ ရှာရတော့မယ်။

Han Yunxi မှာ နာမည်စာရင်းအား ကြည့်လိုက်ပြီးနောက် “ သွားရအောင်။ ကျွန်မ သဲလွန်စတစ်ချို့ ရှိမရှိ လိုက်ကြည့်ချင်သေးတယ်။"

စစ်သူကြီးအိမ်တော်တွင် အဆိပ်အရိပ်အငွေ့များသာ ကျန်ရှိနေပေလျှင်ပင် သူမ ရှာတွေ့နိုင်သည်။ ပထမဆုံး သူမ စစ်သူကြီးငယ်၏ အခန်းအား စစ်တန်းလျားမှ ပေးပို့လာသော လက်ဖက်ခြောက်ပုံးများအပါအဝင် စစ်ဆေးရမည်။ ထို့နောက် စစ်သူကြီးအိမ်တော်မှ အစားအသောက်များအားလုံး တာဝန်ရှိသော စားဖိုဆောင်သို့ စစ်သူကြီးMuနှင့် Mu Qingwu တို့အား ဦးဆောင်သွားစေလိုက်သည်။ ထိုနေရာမှာ သံသယရှိစရာအကောင်းဆုံးနေရာပင်။ စစ်သူကြီးMu နှင့် Mu Qingwu မှာ Han Yunxi မှ အချိန်အတန်ကြာ စစ်ဆေးနေမည်ဟုထင်လိုက်သော်လည်း သူမ တစ်ချက်သာ လှည့်ပတ်ကြည့်ပြီးနောက် ပြန်ထွက်လာသည်။

“ဘာမှ မရှိဘူး။"  သူမ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။

“ ချင်ဝမ်ဖေး သေချာလို့လား။" စစ်သူကြီးMu ၏မျက်နှာတွင် သံသယများပြည့်လာသည်။

“၁၀၀ ရာခိုင်နှုန်း သေချာတယ်။ အဝတ်လျှော်တဲ့နေရာကို သွားကြည့်ရအောင်။"  Han Yunxi မှာ ယုံကြည်ချက်အပြည့်ရှိနေသည်။

သူက မယုံကြည်နိုင်သော်လည်း Han Yunxi ၏ အဆိပ်ကုသမှု စွမ်းရည်အား မျက်မြင်တွေ့ပြီးသည့်နောက်တွင် ယုံကြည်ရတော့မည်။ Mu Qingwu မှာမူ Han Yunxi အပေါ်တွင် လုံးလုံး သံသယရှိ မနေပေ။ အကယ်၍ သူ့အား မေးလာလျှင် သူက အသက်ကယ်ပေးခဲ့သူအား သံသယဝင်မည်မဟုတ်ဟုသာ ဖြေကြားလိမ့်မည်။

အဝတ်လျှော်နေရာမှာလည်း စားဖိုဆောင်နှင့် တန်းတူပင်။ သူမ အာရုံခံစနစ်အား ဖွင့်လိုက်ပြီး လျှောက်ပတ်ကြည့်လိုက်ပြီး အိမ်တော်ရှိ ရေတွင်း သုံးတွင်းဆီသို့ စစ်ဆေးရန်သွားလိုက်သည်။ ကံမကောင်းစွာပင် ထိုနေရာများတွင်လည်း ရလဒ်မရှိပေ။ ထို့နောက် သူမတို့က သံသယစာရင်းထဲရှိလူများ၏ အခန်းများသာမက သူတို့၏ ပစ္စည်းမှာပါ စစ်ဆေးလိုက်သည်။ Han Yunxi မှာ ထိုအခန်းများမှ စစ်ဆေးပြီး ထွက်လာချိန်တွင် Mu liuyue မှ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now