အခန်း(၅၈)

1.8K 176 4
                                    

အခန်း(၅၈)

ပြုတ်ကျခြင်းနှင့် သူ၏ ရွေးချယ်မှု။

 

ဒီအဖြူဝတ်မိန်းမက Long Feiye  ဆီကနေ အလစ်သုတ်ဖို့ လုပ်နေတယ်။ သူမက အသက်ရှင်ရတာပျင်းနေပြီလား။

သူမ သဘောကျသွားသည့် အချိန်တွင် သစ်ပင်များမှအဆိပ်ငွေ့များမှာ ရုတ်တရက် ထိုမိန်းမဆီ ဦးတည်သွားသည်။

“အဆိပ်ကို သတိထား။" Long Feiye ဟာ အလန့်တကြား သတိပေးလိုက်ပြီး စက္ကန့်ပိုင်းအတွင်း ပျံဆင်းသွားသည်။

ဒါက

သူက သူမကို တားဖို့ ကြိုးစားနေတာလား ကယ်ဖို့ ကြိုးစားနေတာလား။

သူ့ရဲ့အကျင့်နဲ့ဆို သူကနှာခေါင်းရှုံကာ ‘ တန်တာပဲ’ ဒါမှမဟုတ် ‘သူမ သေချင်နေတာလား။' အဲ့လိုဖြစ်ရမှာမလား။Han Yunxi မှာ စိတ်ရှုပ်သွားပြီး မယုံနိုင်စွာကြည့်လိုက်သည်။ လျင်မြင်စွာပင် သူမ နားကြားမှားတာမဟုတ်သလို အမြင်မှားတာ မဟုတ်မှန်း သိလိုက်သည်။ Long Feiye က ထိန်းချုပ်မှုလွတ်သွားတဲ့အချိန်ရှိမယ်လို့ သူမ မထင်ထားဘူး။

ဒီအဖြူဝတ်မိန်းမက ဘယ်လိုလူမျိုးလဲ။

Long Feiye အရှိန်က မြန်လွန်းတာကြောင့်  မျက်စိနဲ့လိုက်မမြင်နိုင်ဘူး။ သူမက သူ့အားနောက်တစ်ကြိမ်မြင်ရချိန်မှာ သူက အဖြူဝတ်မိန်းမအား သယ်ရင်း ဆန့်ကျင်ဘက်ရှိ သစ်ပင်သို့ ပျံသွားလိုက်သည်။ ဆန့်ကျင်ဘက်ရှိပူးကပ်နေသော လူနှစ်ယောက်အား ကြည့်ရင်း သူမ နှလုံးသားလေး တုန်လှုပ်သွားပြီး လျင်မြင်စွာ လျစ်လျူရှုလိုက်သည်။ အဖြူရောင် အဆိပ်ငွေ့များ ပျောက်ကွယ်သွားပြီး တောအုပ်တွင် ငြိမ်းချမ်းမှု ပြန်ရောက်လာသော်လည်း မြွေခေါင်းမှာ သေဆုံးသွားခြင်း ရှိမရှိ မရှင်းလင်းသေးချေ။ Han Yunxi ဟာ ဆန့်ကျင်ဘက်ရှိ သစ်ပင်အား ကြည့်လိုက်ပြီး Long Feiye က ထိုအမျိုးသမီးအား တစ်ခုခုပြောဆိုနေသည်။ ကံမကောင်းစွာနဲ့ပဲ သူမက အလွန်ဝေးကွာနေပြီး မြင်ရုံသာမြင်ရကာ သူမဘယ်လိုပုံစံရှိလဲ သူတို့ဘာပြောနေလဲ မကြားနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now