အခန်း (၁၆၆)

1.3K 131 23
                                    

အခန်း (၁၆၆)

ချင်ဝမ်၏ ကြီးမားသော တန်ကြေး။



Long Feiye ၏စကားကြောင့် ဧကရီသည် ခဏတာ စကားမပြောဘဲ အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။ Long Feiye မှာ Han Yunxi အား အိုးအထက်မှ ခေါ်ဆောင်သွားလိုက်သည် ။ သူမက အကြာကြီး ကောက်ကွေးနေ၍လား၊ သို့မဟုတ် ထိတ်လန့်နေသေးသလား မရှင်းလင်းသော်လည်း Han Yunxi ၏ခြေထောက်များမှာ မြေပြင်နှင့်ထိလိုက်သည်နှင့် အောက်သို့ ခွေကျသွား တော့သည်။ သူမက မတ်တပ်မရပ်နိုင်တော့ပဲ Long Feiye ၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် လဲကျသွား တော့သည်။

သေချာစွာပင် သူမဟာ ဖြောင့်ဖြောင့်တန်းတန်း ပြန်ရပ်လိုက်သည်။ ဒီလူဟာ ပြင်းထန်တဲ့အသန့်ကြိုက် ရောဂါရှိမှန်း အထူးသဖြင့် သူ့အား ထိတွေ့လာသည့်လူများအား မုန်းတီးမှန်း သူမသိနေသည်။ ဒါပေမယ့် Long Feiye က သူမကို ခါးမှာဆွဲကိုင်လိုက်ပြီး ရိုးရိုးလေးသာပြောလိုက်သည်။ "မလှုပ်နဲ့"

Han Yunxi သည် ချက်ချင်းပင် မလှုပ်မယှက် ရပ်တန့်သွားသည်။ သူ့အသံက အေးစက်နေသေးသော်လည်း ထိုစကားလုံးနှစ်လုံး၏ အသံအား သူမ နှစ်သက်သည်။ နူးညံ့သိမ်မွေ့စွာဖြင့် သူမသည် သူ၏ထူးခြားသောရနံ့ကို ဖြည်းညှင်းစွာ ရှူရှိုက်ရင်း သူ့ရင်ခွင်ထဲတွင် အရှက်မဲ့စွာနေ နေလိုက်သည်။ ခဏအကြာတွင် သူမရဲ့ ကိုယ်အလေးချိန်ကို ခံနိုင်ရည်ရှိအောင် ဖြေလျှော့ပေး နေရင်း သူမရဲ့ အကြောက်တရားများအားလုံးလည်း ပျောက်ကွယ်သွားသည်။

Long Feiye မှာ ရိုးရိုးရှင်းရှင်း ခေါင်းငုံ့လိုက်ကာ သူ့မ၏စကတ်အား မြှောက်လိုက်ပြီး ဆီများစိုထားသော အနားစများကို ဆုတ်ကိုင်လိုက်ကာ မျက်လုံးများက အေးစက်သွားသည်။ ယခုမှပင် Han Yunxi သည် သူမ၏ဝတ်စုံ၏ အစိတ်အပိုင်းများစွာ စိုစွတ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ အထည်က သူမအရေပြားအား မတော်တဆ ထိမိလျှင် ဆီ၏ အပူချိန်က သူမအား လောင်ကျွမ်းသွားစေမှာ သေချာသည်။Long Feiye မှာ သူမ၀တ်စုံ၏ အစွန်းများအား ဆုတ်ဖြဲပြီးနောက် အဝတ်အစားမှ အခြားနေရာအားလုံးကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ သူ၏ အကြည့်အား စူးစူးစိုက်စိုက်မြင်လိုက်ရပြီးနောက် သူမရောက်နေတဲ့နေရာအားပင် မေ့သွားသလို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများနှင့် ဦးခေါင်းများတွင် ဤလူ၏ တိတ်ဆိတ်အေးခဲနေသော မျက်နှာနှင့် သတိထား စေ့စေ့စပ်စပ် လှုပ်ရှားနေသည့် မြင်ကွင်းသာ ပြည့်နှက်နေတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now