အခန်း(၁၅၁)

1.4K 158 26
                                    

အခန်း(၁၅၁)

အရက်သောက်ပြိုင်ပွဲ၊ အဆုံးမရှိသော ဒုက္ခများ။



Long Tianmo ၏ မယုံကြည်နိုင်သော အကြည့်များက Han Yunxi အပေါ်တွင် နားခိုနေသည်။ ဒါက သူ့အတွက် သူမအား ဒုတိယအကြိမ်အဖြစ် အနီးကပ်မြင်ရခြင်းဖြစ်သည်။ ပထမအကြိမ်မှာ သူမက သူ၏ ထူးဆန်းသော ဖျားနာမှုအား ကုသကာ အသက်ကယ်ပေးခဲ့စဥ်က ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ ခံစားချက်များမှာ လုံးဝ ကွဲပြားနေသည်။

သူက လျစ်လျူရှုရန် ကြိုးစားနေလျက်နှင့် သူ့ကိုယ်သူအား မလိမ်ညာနိုင်ပေ။ ---- သူက ဒီအမျိုးသမီးကို ကြိုက်မိတယ်။--- သူမက Duanmu Yao နဲ့ မတူဖူးဆိုတာလည်း သူသိနေတယ်။ Duanmu Yao ကို လက်ထပ်တာက သူ့ရဲ့ အိမ်ရှေ့စံဆိုတဲ့နေရာနဲ့ နန်းပလ္လင်အတွက် သေချာစေဖို့ အကူအညီပေးနိုင်ပေမယ့် Han Yunxi ကတော့ သူ့ရဲ့ ဘဝတစ်ခုလုံးကို ပိုပြီး မြှင့်တင်ပေးနိုင်တယ်။

သို့သော် အမှန်တရားအား သူ့ကိုယ်သူ အလျင်အမြန် သတိပေးလိုက်သည်။ ထိုအမျိုးသမီး၏ နောက်တွင် သူ့အား နန်းပလ္လင်အား သိမ်းပိုက်နိုင်ရန် ထောက်ပံ့ပေးနိုင်သူ သို့မဟုတ် ယနေ့တွင် သူပိုင်ဆိုင်ထားသည်များအား လက်တစ်ဖက်မြှောက်ရုံဖြင့် လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်သော အမျိုးသားတစ်ယောက်ရှိနေသည်။

သူက ထိုလူကို အပြစ်ပြုဖို့ မတတ်နိုင်ဘူး။

ချင်ဝမ်က ဒီအမျိုးသမီးက ဘယ်လောက်ထူးခြားတယ်ဆိုတာ သတိမပြုမိဖို့ သူ့ရဲ့ ရင်ထဲမှာပဲ တိတ်ဆိတ်စွာ မျှော်လင့်ထားနိုင်တယ်။ ဒီမာနကြီးပြီး သီးသန့်ဆန်တဲ့ ချင်ဝမ်က ဒီအမျိုးသမီးကို လွဲချော်သွားမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အနာဂါတ်ရဲ့ တစ်နေ့မှာ သူကလည်း မျှော်လင့်ချက် ရှိလာနိုင်တယ်။

Long Tianmo ၏ လက်ခုတ်ဩဘာပေးသံသည် ကျန်ရှိနေသည့် လူအုပ်ကြီးအား အသက်သွင်းလိုက်သကဲ့သို့ဖြစ်ပြီး အများစုမှာလည်း လက်ခုတ်တီးလာကြသည်။

"ပညာသားပါတယ်။ အယူအဆက ကြီးကျယ် ခမ်းနားလွန်းတယ်။ ဒီစာသားတွေက ဂန္တဝင်ဖြစ်လာမှာ သေချာတယ်။"

"လေးစားရတဲ့ဝမ်ဖေးက နက်နက်ရှိုင်းရှိုင်းကို အမှန်တကယ် ဖုံးကွယ်ထားတာပဲ။ ချင်ဝမ်က တကယ်ကို မျက်လုံးကောင်းကောင်းရှိတယ်။ ဟီးဟီး..."

အဆိပ်ပါရမီရှင်ကြင်ယာတော် Tempat cerita menjadi hidup. Temukan sekarang