အခန်း(၄၉)

1.9K 176 0
                                    

အခန်း(၄၉)

ကြာပန်းဖြူမကတော့ ခံလိုက်ရပြီ။

 
 

“သခင်မလေး ဘယ်လိုလုပ်ကြမလဲ။" Chen Xiang မှ စိုးရိမ်စွာ မေးလိုက်သည်။ ထိုအချိန်တွင် အစောင့်တစ်ယောက်မှ အလျင်စလို လာရောက် သတင်းပို့လာသည်။

“လေးစားရတဲ့ဝမ်ဖေး တော်ဝင်ကြင်ယာတော်ကြီးက ရှာနေပါတယ်။"

သူမ နှုတ်ခမ်းကိုက်လိုက်တယ်။ မိုးရွာရင်ရေကျမှာပဲ။ သူမ ဒီဒုက္ခကလွတ်အောင် ကြင်ယာတော်ကြီးက ကူညီမယ်လို့ စဥ်းစားမိရင် အရမ်းအထင်ကြီးမိတာပဲ။ သူမ အခန်းထဲဝင်လိုက်သည်နှင့် ကြင်ယာတော်ကြီးYiမှာ စတင်ကျိန်ဆဲတော့သည်။

“Han Yunxi နင်က နင့်ရဲ သေးနုတ်တဲ့အရည်အချင်းတွေကို လိုက်ကြွားပြီး အဆင်မပြေတော့ဘူးမလား။"

“မူဖေး နားလည်မှုလွဲနေပြီ။ Yunxi က ကိုယ့်ဒုက္ခကိုယ်ရှာမှာ မဟုတ်ဘူး။"   သူမ ညင်သာစွာ ပြောလိုက်တယ်။

“ကိုယ့်ဒုက္ခကိုယ်ရှာတယ်… ငါ့အတွက် ဒုက္ခရှာပေးနေတာနဲ့ပဲတူတယ်။ နန်းတော် အတွင်းအပြင် အကုန်လုံးမှာ နင့်စွမ်းရည်ကို သိကုန်ကြပြီ။ သူတို့ရဲ့ အသံတွေက ငါ့ကို ရူးအောင်လုပ်နေတာ နင်မသိဘူးလား။" ကြင်ယာတော်ကြီးမှာ အလွန်အမင်း စိတ်ဆိုးနေတယ်။

ထိုလူများတွင် ကုသရန်လာရောက်ရှာဖွေသူများမှာ အရေအတွက်အသင့်အတင့်သာရှိပြီး ချင်ဝမ်အိမ်တော်တံခါးမှ ဝင်ရောက်ရန် နိမ့်ပါးလွန်းသည်။ အဆင့်မြင့်အရာရှိတစ်ချို့ကိုတော့ ကြင်ယာတော်ကြီးမှ ယာယီငြင်းဆန်ထားသည်။ ချင်ဝမ်အိမ်တော်မှာ ဆေးခန်းမဟုတ်သလို ချင်ဝမ်ဖေးမှာလဲ သမားတော်မဟုတ်ပေ။ ထိုမင်းမျိုးမင်းနွယ်များမှာ ကြင်ယာတော်ကြီးYiနှင့် ရင်းနှီလျှင် သူမက Han Yunxi နှင့်တွေ့ခွင့်ပေးကောင်းပေးနိုင်သည်။ သို့ရာတွင် ကောလဟာလမှာ မြို့အနှံ့ပျံ့သွားပြီ။ သူမက နမူနာတစ်ခုလုပ်ချင်လျှင် အခြားသူများအတွက်ပါ နည်းလမ်းစဥ်းစားရတော့မည်။ ဒါက ချင်ဝမ်အိမ်တော်တံခါးဝမှာ မဟုတ်ရင် အခြေအနေတစ်ခုလုံးမှာလဲ တစ်မျိုးပြောင်းသွားနိုင်သည်။ ကြင်ယာတော်ကြီးYiမှာ အရင်ကတည်းကပင် အကြံထုတ်ပြီးလောက်ပြီ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now