အခန်း(၁၄၅)

1.4K 153 60
                                    

အခန်း(၁၄၅)

အခွင့်ကောင်း။ ပြိုင်ဘက်ကင်း။

သူတို့၏ အမှာများအား လာရောက် ပို့ဆောင်သူမှာ အခြားသူမဟုတ်ပဲ လွန်ခဲ့သည့် ရက်အနည်းငယ်က Han Yunxi အား အခွင့်အရေးယူသွားခဲ့သည့် Gu Qishao ပင်။

သူက အမြဲတစေ ဝင့်ကြွားတောက်ပကာ ကြမ်းပြင်အထိ ရှည်လျားကျနေသည့် အနီရောင်ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူက ပန်းကန်များအား ကိုင်ဆောင်ထားသော်လည်း ရပ်သပ်ရှုမောဖွယ်ကောင်းသော အသွင်အပြင်အား ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး သူ၏ ရှည်လျားသည့် မျက်ဝန်းများမှာ လူအုပ်အား လှုပ်နှိုးစေနိုင်လောက်အောင် မှော်ဆန်လှသည်။ သူ၏ အမြဲတစေ ပြုံးရွှင်နေသည့် မျက်နှာမှာ ကမ္ဘာပေါ်တွင် စိုးရိမ်စရာများ မရှိသကဲ့သို့ ဖြစ်နေသည်။

Han Yunxi မှာ ထိတ်လန့်စွာဖြင့် မတ်တပ်လိုက်ပြီး စားပွဲအား ရိုက်လိုက်သည်။ "ဘာလို့ ရှင်ဖြစ်နေတာလဲ။"

Gu Qishao မှာ တောက်ပစွာ ပြုံးလိုက်သည်။ " လေးစားရတဲ့ဝမ်ဖေးက ကျွန်တော်မျိုးရဲ့ အဆောက်အအုံမှာ ရောက်လာပြီး ကောင်းချီးပေးတာရှားတယ်လေ။ ဝမ်ဖေးရဲ့ ရောက်ရှိလာမှုက ကျွန်တော်မျိုးကြီးရဲ့ နိမ့်ကျတဲ့ ဆိုင်လေးကို အမှန်ပဲ တောက်ပစေပါတယ်။ ဆိုင်ပိုင်ရှင်တစ်ယောက်အနေနဲ့ ကျွန်တော်က သဘာဝကျကျပဲ ကိုယ်တိုင် ဧည့်ခံပေးမှာပေါ့။"

သူက Han Yunxi ၏ အံ့အားသင့်နေမှုအား လျစ်လျူရှုကာ လမ်းလျှောက်လာပြီး ဟင်းပွဲတစ်ပွဲပြီး တစ်ပွဲ ပြေပြစ်စွာ ချပေးလိုက်သည်။

ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်ဆိုင်... နူးညံ့သောမွှေးရနံ့လက်ဖက်ရည်ဆိုင်.. ဒီချမ်းသာပြီး လက်ဖွာတဲ့ကောင်က နေရာတိုင်းမှာ ပိုင်ဆိုင်မှုတွေ ရှိနေတာပဲ။ သူမက ဘာလို့ အဲ့တာကို မတွေးမိခဲ့တာလဲ။

သူ့ရဲ့ ဝိဥာဥ်က တကယ်ပဲ နေရာတိုင်း ရောက်နေတာပဲ။

Gu Beiyue ကလည်း ရှိနေ၍ Han Yunxi မှာ ငြင်းခုန်ကာ အချိန်မဖြုန်းချင်တော့ပေ။ သူမက တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီး ဆိုင်ပိုင်ရှင်မှ သူမအား ဧည့်ခံရန် သင့်တင့်စွာ ထိုင်စောင့်နေလိုက်သည်။ Gu Beiyue ၏ အကြည့်များမှာ စက္ကန့်ပိုင်းမျှ ရှုပ်ထွေးသွားသော်လည်း သူက ဆက်လက် တိတ်ဆိတ်နေလိုက်သည်။ Gu Qishao မှ နောက်ဆုံးဟင်းပွဲအား စားပွဲပေါ်သို့ ချပြီးချိန်တွင် Han Yunxi မှာ ပြေပြစ်စွာ လက်ဝှေ့ယမ်းလိုက်ပြီး မာနတစ်ခွဲသားဖြင့် " ဒီမှာ ရှင်လုပ်စရာ မရှိတော့ဘူး။ သွားလို့ရပြီ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now