အခန်း(၁၇)

2.3K 232 0
                                    

အခန်း(၁၇)

ဖော်ရွေလွန်းသော မယ်တော်ကြီး။

မြင်းလှည်းပေါ်မတက်ခင် Han Yunxi ဟာ အဆိပ်ဖြေဆေးသောက်လိုက်သည်။ ပုံမှန် သူမဆောင်ထားတဲ့ အဆိပ်နဲ့ဖြေဆေးတွေက အခုတော့အသုံးဝင်သွားပြီ။

ရှေးလူတွေက အဆိပ်သုံးတာ ရက်စက်လွန်းတယ်။ ခေတ်မီ အဆိပ်တွေဟာ လူလုပ်တွေဖြစ်ပြီး ရှေးခေတ်အဆိပ်တွေက ပန်းနဲ့သစ်ပင်တွေက ထုတ်ယူထားတာ။

သူမ လှည်းထဲမှာ ချင်ဝမ်နဲ့ အတူတူထိုင်လိုက်တယ်။ လှည်းထဲမှာ ချင်ဝမ်ဟာ မျက်လုံးမှိတ်ထားတာကြောင့် သူမ သတိမထားမိဘဲ ခိုးကြည့်လိုက်သည်။ ဒီလူကို သေချာကြည့်မှပဲ သူ့မျက်နှာက ညကထက် ပိုခံ့ညားတယ်ဆိုတာ သူမ သတိထားမိလိုက်သည်။

အထူးသဖြင့် သူကတည်ငြိမ်နေစဥ်မှာဆို အရိုအသေခံရပြီး ထိတွေခွင့်မရှိတဲ့ နတ်ဘုရားရုပ်ထုလိုပဲ။ အနီရောင်သွေးကွက်က သူ့အတွက် အဓိပ္ပါယ်မရှိလောက်ပေမယ့် သူမအတွက်တော့ ဘဝတစ်ခုလုံးပဲ။  သူတို့က အပေးအယူလုပ်ထားတာဆိုသော်လည်း သူမနှလုံးသား အနက်ရှိုင်းဆုံးတစ်နေရာမှာတော့ ကျေးဇူးတင်မိတုန်းပဲ။

သေချာပေါက် နန်းတော်ထဲမှ သူမကံကြမ္မာ လောင်းကစားပွဲများ အကြောင်းမသိပေ။ တော်တော်များများက သူမကြောင့်ရှုံးသွားတာမို့ သူမက ထိုလူများကိုရန်စသလိုတောင်ဖြစ်သွားသည်။

သူမ မယ်တော်ကြီးကိုပဲ တွေ့ဖို့သွားသည်ဟုထင်ခဲ့သော်လည်း သူတို့ နန်းတော်ထဲရောက်တာနဲ့ အခန်းထဲမှလူများပြည့်နေတာကို သတိပြုမိသွားသည်…အထူးသဖြင့် မိန်းမတွေ။ သူမ လာခဲ့တဲ့တစ်လျှောက် အေးစက်တဲ့အကြည့်များစွာက နာကျည်းမှု မကျေနပ်မှုတွေနဲ့ မြားတစ်စင်းလို ကြည့်နေသည်။

အကြည့်စူးစူးတစ်ချက်က မသေစေနိုင်ပေမယ့် အတန်ကြောက်ရွံ့စေသည်။

သူမ ရင်ထဲ အနည်းငယ် တုန်လှုပ်သွားသည်။

တိတိကျကျသူမ ဘာလုပ်ထားလို့ ဒီလောက်တောင် မုန်းနေကြတာတုန်း။

ချင်ဝမ်က တော်ဝင်ဦးရီးတော်ပဲ။ သူ့ရဲ့ တရားဝင်ဇနီး အနေနဲ့ သူမက မယ်တော်ကြီးရဲ့ ချွေးမဖြစ်ပြီး လက်ရှိ ဧကရီ နဲ့ဆို ညီအစ်မတော်တယ်။ ဧကရာဇ်ရဲ့ မောင်းမတွေနဲ့ သားသမီးတွေဆို မပြောနဲ့တော့။ သူမကို မြင်တာနဲ့ အရိုအသေပေးကြရမှာ ထုံးစံပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now