အခန်း(၅၃)

1.8K 184 3
                                    

အခန်း(၅၃)

ကျိန်းသေပေါက် သူကမှားနေတာ။

Han Yunxi မခံမရပ်နိုင်အောင် စိတ်ဆိုးလာတယ်။

ပညာမလိုချင်သူအား မဖြန့်ဝေနှင့် ..ကုသမှု မခံယူချင်သူအား တံခါးမခေါက်နှင့် ဆိုသည်အား သူမ နားလည်ထားသည်။ ဧကရာဇ် Taihui  ကသာ သူမအား ဆေးစစ်ပေးစေချင်တာဖြစ်ပြီး ဘာလို့ သူမကပဲ သူတို့အား လာရောက်လိမ်လည်နေသည့်ပုံပေါက်နေရတာလဲ။

သူမ ဘယ်အချိန်တုန်းက ဂုဏ်သတင်းအတွက် လိမ်ညာလိုက်တာလဲ။ဘယ်တုန်းကကော သူမ လူထုကို လိမ်ညာပြီး အကျိုးအမြတ်ယူလိုက်တာလဲ။ဒါလူတွေက ရည်ရွယ်ချက်ရှိရှိဖြန့်ထားတဲ့ ကောလဟာလတွေ မဟုတ်ဘူးလား။

မိန်းမစိုးလေးနှစ်ယောက်က သူမအား ရပ်တန့်ရန် ရှေ့တိုးလာချင်ပေမယ့် လှုပ်ရှားရန်ပင် အလွန်ကြောက်ရွံ့နေတယ်။ မယ်တော်ကြီးနဲ့ဧကရီကလည်း သူတို့မျက်လုံးအား မယုံနိုင်အောင်ဖြစ်နေသည်။ ဒီမိန်းကလေးက ရဲတင်းလွန်းတာမဟုတ်ဘူးလား။ ဧကရာဇ်ရှေ့မှာတောင် ရိုင်းပြနေတယ်။ ထိုစဥ်Long Feiye ၏ နှုတ်ခမ်းများတွင် ဆွဲဆောင်မှုရှိသော မျဥ်းကွေးတစ်ချောင်း ပေါ်လာသည်။

တိတ်ဆိတ်မှုတွင် သူမ နှုတ်ခမ်းများဖွင့်ကာ ရေခဲတမျှအေးစက်သော စကားများ ပြောလိုက်သည်။ “အရှင်မင်းကြီး ကိုယ်ဝန်ဆောင်သွေးခုန်နှုန်းနဲ့ဆိုပြီး ဘယ်သူက ဆေးစစ်ချက်ထုတ်ခဲ့လဲ ကျွန်မမသိဘူး။ ကျွန်မထပ်ပြောမယ် အိမ်ရှေ့စံက တည်ငြိမ်တဲ့ သွေးခုန်နှုန်းရှိတယ်။ သူက ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူး။ တကယ်လို့ တစ်ခြားတစ်ယောက်ရဲ့ ဆေးစစ်ချက်ကို ထောက်ခံဖို့ ကျွန်မကို ခေါ်ခဲ့တာဆိုရင် လူမှားသွားပြီ။"

ထိုစကားများက ဧကရာဇ်Taihuiအား ဆွံ့အသွားစေသည်။ ကိုယ်ဝန်ဆောင်သွေးခုန်နှုန်းဆိုတာ အရင်တည်းက အတည်ပြုခဲ့ကြပြီးပြီ။ သူက သူမကို ဆေးကုသပေးဖို့ ခေါ်ခဲ့တာ။ အိမ်ရှေ့စံရဲ့ ဝမ်းဗိုက်က ဖောင်းကားလာပြီးနောက် Han Congan က ကိုယ်ဝန်ပျက်ကျစေနိုင်သည် ဆေးလုံးများပေးခဲ့သော်လည်း မည်သည့်သက်ရောက်မှု တစ်ခုတစ်လေမှမရှိခဲ့ဘူး။ Han Congan က ဘယ်ကနေစပြီး ကုရမှန်းတောင် မသိဘူး။ ဒါကြောင့် သူက အိမ်ရှေ့စံကို နေ့စဥ်သွေးခုန်နှုန်းစမ်းပေးပြီး ခန္ဓာကိုယ်အားပြည့်စေသည့် ဆေးများသာပေးခဲ့တာ။ ဧကရာဇ်က တစ်နေနေ့မှာ အိမ်ရှေ့စံမှ အမှန်တကယ်ပင် က​​လေးမွေးဖွားလာမှာအား ထိတ်လန့်နေရုံမှတစ်ပါး မတတ်နိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now