အခန်း (၁၆၇)

1.3K 142 6
                                    

အခန်း (၁၆၇)

လွှမ်းမိုးချုပ်ကိုင်ထားသော ချင်ဝမ် ။

 

ဧကရီသည် မတ်တပ်ရပ်ရုံသာမက Han Yunxi အား အေးစက်စွာ ကြည့်နေပြီး အဖုံးပေါ်တွင် ဖိချလိုက်ရန် ရေခဲခေါင်းတလားဆီသို့ လျှောက်သွားလိုက်သည်။ "နင်က လူသတ်သမား၊ Changping ကို နှောင့်ယှက်ဖို့ ငါက သေချာပေါက် နင့်ကို ခွင့်မပြုနိုင်ဘူး။"

တစ်ရက်တာ သတ်မှတ်ချိန်မှာ နေ့တစ်ဝက်ပင် ရောက်နေပြီဖြစ်သည်။ Han Yunxi ကအဆိပ်ရဲ့ မူလဇစ်မြစ်ကို မရှာဖွေနိုင်ပဲ ညမိုးချုပ်သွားသရွေ့ သူမ အပြစ်ကို ဝန်ခံရလိမ့်မယ် ။ ဧကရီက သူမကို တစ်ချိန်လုံး နှောင့်နှေးစေရန် လုပ်ဆောင်တော့မည် ဖြစ်သည်။

Han Yunxi မှာ စိတ်မရှည်တော့ပေ။ သူမက ဒီလို အသိတရားမဲ့တဲ့ အပြစ်တင်မှုမျိုးကို  စိတ်ကုန်နေပြီ။ အခုအချိန်မှာတော့ ဧကရီနဲ့ပတ်သက်တဲ့ ထူးခြားမှုတစ်ခုခုရှိနေပြီဆိုတာ သူမ ခံစားမိနေပြီ။ ဧကရီသည် Changping ၏ မွေးမိခင်ဖြစ်သည်။ သူမသမီးသေဆုံးမှုအတွက် နာကျင်ခံစားရသည်ကို နားလည်နိုင်သော်လည်း သူမ၏ ရက်စက်ကြမ်းကြုတ်မှုမှာ ယခုတော့ လွဲနေသည်။ အမေက အမှန်တရားကို မသိချင်ဘူးလား။

 သူမက လူသတ်သမားလို့ ဘာလို့ ယုံကြည်နေရတာလဲ။

သူမကိုယ်သူမ ယုံကြည်တယ်ဆိုရင်တောင် သက်သေကို အရင်ရှာသင့်တယ်။ Long Feiye မှာ ဤငါးညနှင့်ငါးရက်အတွင်း Changping ၏အလောင်းအား စုံစမ်းရေးမှူးများရော အဆိပ်ကျွမ်းကျင်သူများကပါ စစ် ဆေးခွင့်မရခဲ့ကြောင်း သူမအား လမ်းတွင် ပြောထားပြီးဖြစ်သည်။ ဧကရီက ဘယ်သူ့ကိုမှ မချဉ်းကပ်နိုင်ရန် တားမြစ်ခဲ့တယ်။

“လေးစားရတဲ့ဧကရီ အခုလို ပြုမူနေရင် တရားခွင်ကိုပဲ ပြန်သွားလိုက်တော့မယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး သက်သေမရှိပဲ ကျွန်မကို အတင်းအကျပ်အမှား ဝန်ခံခိုင်းတာ ရှောင်ကြဉ်ပေးပါ။ ဒါက တိုင်းပြည်ရဲ့ ဧကရီ လုပ်သင့်တာ မဟုတ်ဘူး။” Han Yunxi  မှာသတိပေးလိုက်သည်။

ဧကရီမှာ ညှဉ်းပန်းနှိပ်စက်ရန် အကျဉ်းထောင်သို့ ရောက်သွားသည်ကို သတိပြုမိသွားပြီးနောက် လူတိုင်းမှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပါသည်။Long Tianmo မှာ ဧကရီအား တားဆီးရန် ရှေ့သို့တိုးသွားရင်း မျက်မှောင်ကျုတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now