အခန်း(၆)

2.5K 250 1
                                    

အခန်း(၆)

မင်္ဂလာအချိန်ရောက်ပြီ။

နောက်တစ်နေ့ မနက်စောစောမှာတော့ ချင်ဝမ်အိမ်တော်ရဲ့ တံခါးမှာ လူအုပ်ကြီး စုဝေးလာတယ်။ Han Yunxi ကသိမှာ မဟုတ်ပေမယ့် နန်းတော် အတွင်းအပြင် နှစ်နေရာလုံးမှာ စီစဥ်သူ အနည်းဆုံးအယောက်၃၀လောက်က သူမ အိမ်တော်ထဲ ဝင်နိုင် မဝင်နိုင် လောင်းကြေးဖွင့်နေကြပြီး လူပေါင်းတစ်ထောင်လောက်က လောင်းကြေးထပ်နေကြတယ်။

မင်္ဂလာသီချင်းက မစသေးပေမယ့် လူအုပ်ကြီးရဲ့ အသံဗလံ တွေနဲ့ဆူညံနေတယ်။

Han Yunxi က လူအုပ်ရဲ့အသံတွေကြောင့် အိပ်ပျော်သွားမှာကို စိတ်ပူစရာတောင်မလိုတော့ဘူး။Han Yunxi ဟာ ကောင်းကင်ကို တစ်ချက် ချောင်းကြည့်လိုက်ပြီး သူမ မျက်နှာကို ဂရုစိုက်ဖို့ အချိန် လုံလုံလောက်လောက်ရှိသေးကြောင်း တွက်ဆလိုက်တယ်။

ဒီသေးငယ်တဲ့ အကျိတ်ဟာ သူမလို ရွှေအဆင့်ရှိတဲ့ အဆိပ်ပညာရှင်တစ်ယောက် အတွက်ကတော့ တစ်ညနဲ့တင် ဖြေရှင်းဖို့လုံလောက်တယ်။ Han Yunxi ဟာ ပတ်တီးဖြည်ကာ ဆေးများကို သန့်စင်လိုက်ပြီး သူမ ပါးကို ဖြည်းညင်းစွာထိတွေ့လိုက်တယ်။ အကျိတ် နေရာဟာ အခုချိန်မှာတော့ နူးညံ့ချောမွေ့ နေတယ်။

မှန်မရှိတာကြောင့် သူမမျက်နှာဘယ်ပုံရှိလဲဆိုတာကြည့်လို့မရတာတော့ ဆိုးရွားလွန်းတယ်။

အနည်းဆုံးတော့ မလှရင်တောင် သူမ အကျိတ်ကို ဖယ်ရှားလိုက်တာကြောင့် ရုပ်တော့အရမ်းမဆိုး လောက်တော့ဘူးမလား။

သူမ လေဟာနယ်အိတ်လေးထဲမှ အပ်တစ်ချို့ ယူပြီး အင်္ကျီလက်ထဲ သိမ်းထားလိုက်တယ်။ထို့နောက် ကိုယ့်ကိုကိုယ် ကာကွယ်ရန် အဆိပ်အနည်းငယ်ယူပြီး သူမရဲ့ လေဟာနယ်ကိုအနည်းငယ်ရှင်းလင်းရေးလုပ်လိုက်တယ်။

တစ်စုံတစ်ယောက်က ဆေးနံ့ရရင်တောင် သူတို့ရှာတွေ့မှာမဟုတ်ပေ။

သူမ ခေါင်းပေါ်မှ ပုဝါကို ပြန်ခြုံလိုက်ပြီး ခပ်မတ်မတ်လေး ထိုင်လိုက်တယ်။ ထို့နောက် မင်္ဂလာအချိန်ကို စောင့်ရင်း စိတ်ငြိမ်စေရန် မျက်လုံးမှိတ်ထားလိုက်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Où les histoires vivent. Découvrez maintenant