အခန်း(၉၈)

1.6K 171 12
                                    

အခန်း(၉၈)

ကံကောင်းမှုအား မသိရှိရပဲ ကံကောင်းခြင်းတွင် နေထိုင်နေခြင်း။

သန့်ရှင်းရေးပဲ။ အဲ့တာက ချင်ဝမ် ပြောလိုက်တာမှ မဟုတ်တာ!!!!

Zhao မားမားမှာ စတင်စိတ်အားထက်သန်စွာ ပြောလိုက်သည်။ “ လေးစားရတဲ့ဝမ်ဖေး ဒီအစေခံအို…ဘာကိုဆိုလိုတာလဲဆိုတာ နားမလည်ဘူး။”

အခုအချိန်မှာတော့  Han Yunxi မှလည်း သံသယဝင်လာပြီ။ “ဝမ်ရယ်က မင်းကို ဘာလုပ်ခိုင်းလိုက်တာလဲ။"

လေးစားရတဲ့ဝမ်ဖေးက ရုတ်တရက်ကြီး ဘာလို့ ဒီမေးခွန်းမေးလာမှန်းမသိဖြစ်သွားသည့် Zhao မားမားမှာ ထပ်မံကာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး အရှင့်သားချင်ဝမ်က ဒီအစေခံကို လာပြီး ဝမ်ဖေးကို အလုပ်အကျွေးပြုဖို့ ပြောပါတယ်။ တကယ်လို့ ဝမ်ဖေးက ရှေ့လျှောက် တစ်ခုခု လိုအပ်တာရှိရင် ဒီအစေခံကို ပြောနိုင်ပါတယ်။"

ထိုစကားကြားလျှင် Han Yunxi မှာ အံ့အားသင့်သွားသည်။ Long Feiye က သူမကို လိမ်သွားတယ်။ မဟုတ်ဘူး။ သူက အခွင့်အရေးကို အသုံးချပြီး သူမနေရာ ညစ်ပတ်တယ်လို့ ပြောသွားတာပဲ။ သူမနေရာ ညစ်ပတ်တာဖြစ်ဖြစ် မညစ်ပတ်တာဖြစ်ဖြစ် သူ့နဲ့ မဆိုင်တာတောင် သူ့လျှာက အဲ့ဒီလို အဆိပ်ပြင်းနေမှ ဖြစ်မှာလား။

ရယ်စရာကောင်းလိုက်တာ!!!!

Han Yunxi မှာ နှုတ်ခမ်းများ ကော့ညွှတ်သွားပြီး  စကားပြောရန် ပြင်လိုက်စဥ် Zhao မားမားမှ ထပ်မံ ပြောလာသည်။ “လေးစားရတဲ့ဝမ်ဖေး စိတ်မပူပါနဲ့။ ဒီအစေခံအိုကြီးက အမှုထမ်းလာတာ နှစ်ပေါင်းများစွာ ကြာပြီမလို့ ကျွန်မက အဲ့ဒီ ကောင်မလေးတွေကို အမိန့်ပေးရတာ ပိုပြီး လွယ်ကူပါတယ်။ ချင်ဝမ်အိမ်တော် ဆောက်လုပ်ကတည်းက ကျွန်မက ဒီမှာ ရှိနေခဲ့တာပါ။"

“အဲ့ဒီလောက် အစောကြီးလား။ ဒါဆို မင်းက ဒီမှာ အထက်တန်းအမှုထမ်းတစ်ယောက်လို့ ပြောနိုင်တာပေါ့။ ဟုတ်လား။" Han Yunxi မှာမထင်မှတ်ထားမိဘူး။ Chen Xiang လေးက နောက်ခံမရှိတဲ့ မျက်နှာသစ်လေးမလို့ သူမ စိတ်ပူစရာမလိုဘူး။ ဒီZhao မားမားက သမိုင်းရှိတာကြောင့် သူမက ရှုပ်ထွေးတဲ့ အတွေ့အကြုံလည်း အများကြီးရှိရမယ်။ သူမက ကြင်ယာတော်ကြီYi နဲ့ တခြားလူတွေနဲ့  ဆက်သွယ်နေနိုင်တဲ့ အခွင့်အရေးများ ရှိနေနိုင်တာတော့ မဖြစ်နိုင်ဘူးမလား။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now