အခန်း(၁၇၄)
ကျွန်မက ရှင့်ကို ကယ်ဖို့ ရောက်လာပြီ။
ကျယ်လောင်သော ဆူညံသံတစ်ခုမှာ တော်ဝင်စာကြည့်ဆောင်မှ ထွက်ပေါ်လာသည်။ ယနေ့အတွက် ဧကရာဇ် Tianhui သည် စာအုပ်အား ဘေးသို့ပစ်ချခြင်းသည် ပထမဆုံးအကြိမ် မဟုတ်တော့သော်လည်း အကျယ်လောင်ဆုံးဖြစ်သည်မှာ သေချာလှသည်။ Gu Beiyue မှာမူ တစ်ဖက်တွင် တည်ငြိမ်စွာ ရပ်နေသည်။ သူက Han Yunxi ၏ စကားများအား လျှောက်တင်လိုက် ပြီးဖြစ်သည်။
မယ်တော်ကြီးမှာမူ ဒေါသအမျက်ချောင်းချောင်းထွက်ကာ ဘေးတစ်ဖက်တွင် ထိုင်နေသည်။ “ဘယ်လိုတောင် Han Yunxi လဲ။ သူမက ဘာကို ဆိုလိုချင်တာလဲ။"
"Gu Beiyue၊ မင်းရဲ့ တော်ဝင် သမားတော်ခြံဝန်းမှာ အဆိပ်ကို ဖြေရှင်းပေးနိုင်တဲ့ အဆိပ်သမားတော်တွေ မရှိ တော့ဘူးလား။" ဧကရာဇ် Tianhui မှာ ဒေါသတကြီး မေးလိုက်သည်။ တော်ဝင်သမားတော်များကြားတွင် အသေအချာပင် အဆိပ်သမားတော်များ ရှိနေသော်လည်း သူတို့က အဆိပ်ပိုးမွှား အကြောင်း ယခင်တည်းက မကြားဖူးကြခဲ့ပေ။
"အရှင်မင်းကြီး၊ သူတို့က အဆိပ် ဖြေရှင်းနည်းကို သိရင် အဆိပ်ပိုးမွှားကို အရင်တည်းက ကုသပြီးပါပြီ။" Gu Beiyue မှာ အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။
ဧကရာဇ် Tianhui မှာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည်။ သူက နောက်ကျောပေးကာ လက်နှစ်ဖက်အား နောက်ပစ်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ စိတ်မရှည်စွာဖြင့် တရှူးရှူးတရှဲရှဲ ဖြစ်နေသည်။ Han Yunxi ၏ စကားများဖြစ်သည့် အဆိပ်ဖြေဆေးထုတ်ရန် ချင်ဝမ်နှင့် ဆွေးနွေးရန် လိုအပ်သည် ဆိုခြင်းမှာ နားထောင်ရ ကောင်းမွန်သော်လည်း အမှန်တကယ်မှာ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ သူမလို ကောင်မလေးက သူ့ကို ခြိမ်းခြောက်လာတာကို သူက ဘယ်လိုခွင့်ပြုနိုင်မှာလဲ။ ဒါ့အပြင်၊ သူက ချင်ဝမ်ကို အပြစ်ရှာနိုင်ဖို့ အလွန်အားထုတ်ခဲ့ရသည်။ အခု သူ့လက်ခုပ်ထဲ ရောက်လာချိန်ကြမှ သူက ဘယ်လို လွယ်လွယ်နဲ့ လွှတ်ပေးနိုင်မှာလဲ ။
မဟုတ်ဘူး! သူ မလုပ်နိုင်ဘူး!
“တစ်ယောက်ယောက်၊ အဆိပ်သမားတော်တွေအကုန်လုံးကို ကြေငြာလိုက်။ အဆိပ်ပိုးမွှားကို ကုသနိုင်တဲ့ ဘယ်သူမဆို တော်ဝင်သမားတော်ချုပ်ရာထူးကို ခန့်အပ်မယ်။” ဧကရာဇ် Tianhui မှာ ဒေါသထွက် လွန်းသဖြင့် ရူးမတတ်ဖြစ်နေသည်။ တော်ဝင်သမားတော် Gu Beiyue မှာမူ စကားမပြောဘဲ တည်ငြိမ်သော အမူအရာဖြင့်သာ ရှိနေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Historical Fictionအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...