အခန်း(၁၈၂)

1.4K 146 4
                                    

အခန်း(၁၈၂)

ထူးခြားမှု။ လုံလုံခြုံခြုံ သိမ်းဆည်းလိုက်နိုင်ပြီ။







ဦးတည်ချက်ပေါင်းစုံမှ မြှားများမှာ မိုးရွာသကဲ့သို့ ပျံသန်းလာသည်။ Long Feiye မှာ Han Yunxi အား လက်မောင်းများထဲတွင် တင်းကျပ်စွာ ပွေ့ပိုက်ထားရင်း လက်နက်များကြားတွင် အရိပ်ကဲ့သို့ လှုပ်ရှားနေသည်။ ၎င်းမှာ ချက်ချင်း လွတ်မြောက်နိုင်ရန် ခက်ခဲလှသော်လည်း ထိုကဲ့သို့ ရိုးရှင်းသော မြှားများဖြင့် Long Feiye အား ထိခိုက်စေနိုင်ရန်လည်း မလွယ်ကူပေ။ ယခင်ကအတိုင်းဆိုလျှင် Han Yunxi မှာ သေချာပေါက် ကြောက်ရွံ့နေမည်ဖြစ်သော်လည်း သူ၏ ပြိုင်ဘက်ကင်းမှုအား တွေ့မြင်ထားရပြီးနောက် ကြာမြင့်စွာကပင် သူမကိုယ်သူမ သက်သာစွာ နေထားလိုက်ပြီဖြစ်သည်။ ဂရုတစိုက်ပင် သူမက Long Feiye ၏ ပွေ့ပိုက်ထားမှုကြားမှ ခေါင်းထုတ်ကာ အောက်ရှိ အဆိပ်ကန်အား ခိုးကြည့်လိုက်သည်။ မကြာခင်ပင် သူမ၏ စွမ်းအင်များအားလုံးအား အာရုံစိုက်ရန် စုစည်းလိုက်သည်။

သူမက အလွန်အမင်း အာရုံစိုက်ထားချိန်တွင် အဆိပ်ဖြေစနစ်မှ အဆိပ်များ ထုတ်ယူနိုင်သည်။ ထိုသဘောတရားအတိုင်း တူညီစွာပင် သူမက အထဲသို့ အဆိပ်များ ထည့်သွင်းနိုင်သည်။ သို့သော် ဤကိစ္စမှာ ပစ္စည်းများ ထုတ်ယူသည်ထက် ပို၍များပြားသော စိတ်စွမ်းအင်များ ကုန်ဆုံးသွားနိုင်သည်။ Han Yunxi မှာ အာရုံစိုက်လိုက်သည်နှင့် သူမ၏ ပတ်လည်ရှိ အန္တရယ်များအား မေ့သွားတော့သည်။ Long Feiye မှာ မြှားများအား ရှောင်ရှားရင်း ခုခံနေစဥ်တွင် Han Yunxi မှာ အားကုန်သုံးကာ အဆိပ်ရေကန်အား အာရုံစိုက်ထားလိုက်သည်။ အဆုံးတွင် အသံများသာမက သူမ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များအား သတိမပြုမိတော့ပေ။ သူမ၏ အာရုံတစ်ခုလုံးမှာ အဆိပ်ကန်တွင်သာ ရောက်ရှိနေသည်။

တဖြည်းဖြည်းနှင့် မြှားမိုးမှာ လျော့နည်းလာသည်။ Long Feiye မှာ ထိုအခွင့်အရေးအား ယူကာ ထွက်သွားရန် ပြင်လိုက်စဥ် တစ်စုံတစ်ယောက်မှ အလန့်တကြား အော်ဟစ်သံကြားလိုက်ရသည်။ "အဆိပ်ရေကန်က မရှိတော့ဘူး။ အဲ့တာက ပျောက်သွားပြီ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now