အခန်း(၆၀)

1.8K 184 2
                                    

အခန်း(၆၀)

မခန့်မှန်းနိုင်သော။ စီနီယာအစ်ကိုကြီးနှင့် ဂျူနီယာညီမလေး။

 

ဘာ……

အသက်သွေးဆေးလုံးနဲ့ အလဲအလှယ်လုပ်ဖို့ ခုနစ်စဥ်ကြယ်ပိုးတုံးလုံးမြက် ယူလာတဲ့သူရှိတယ်။ သူတို့ထက်လဲ အရင်ရောက်နေတယ်။ မမျှော်လင့်ထားတဲ့ သတင်းကြောင့် Long Feiye  နဲ့ Han Yunxi တို့အကြည့်ချင်းဖလှယ်လိုက်တယ်။ အလွယ်တကူအောင်မြင်နိုင်တဲ့ကိစ္စက ဒီလိုကြုံလာရတယ်လို့။ ဝမ်းသာစရာတစ်ခုက Gu Qi Sha က အသက်သွေးဆေးလုံးကို မလဲရသေးတာပဲ။ မဟုတ်ရင် သူတို့လာတာ အလဟသတ်ဖြစ်သွားလိမ့်မယ်။

“ဆေးလုံးမိစ္ဆာအရှင်က ဘယ်လိုရွေးမှာလဲ။" Long Feiye  မှ မေးလိုက်သည်။

“အိုက်ယား…. ချင်ဝမ်၊ မင်းကော ဘယ်လိုထင်လဲ။" Gu Qi Sha ၏ သက်ပြင်းချသံမှာ ပေါ့ပါးသော်လည်း တစ်ဖက်နားတွင် ကွက်တိကျစွာ ဆူညံသွားပြီး အဆုံးတွင် အကြောင်းရင်းမရှိ ဆံပင်များထောင်သွားစေသည်။

“အရမ်းရိုးရှင်းတယ်။ ဒီအရှင်နဲ့လဲလိုက်။" Long Feiye က အေးစက်စွာပြောလိုက်ပြီး ထို ခုနစ်စဥ်ကြယ်ပိုးတုံးလုံးမြက်အား လျစ်လျူရှုကာ အဆိပ်စပါးအုံးမြွေကအမြူတေအား ထုတ်ပြလိုက်သည်။

ထိုအချိန်တွင် မျက်နှာဖော်ပြခြင်းမရှိသော ဆေးလုံးမိစ္ဆာ၏ ကျဥ်းမြောင်းဖမ်းစားနိုင်သော မျက်လုံးတစ်စုံကရှေ့တွင် အေးစက်မှုများ ရောက်လာသည်။သူတို့က Long Feiye လက်ဖဝါးပေါ်မှ အရာအား သားကောင်တစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေသည်။

မြေခွေးကြီး……

ထိုသည်မှာ Han Yunxi ၏ ပထမဆုံးအတွေးပင်။ ဘယ်လောက်တောင် လှည့်စားတတ်ပြီး မကောင်းဆိုးဝါးဆန်တဲ့အကြည့်လဲ။ ဒီ ဆေးလုံးမိစ္ဆာအရှင် က အသက်ကြီးနေပြီမဟုတ်ဘူးလား။ သူ့မျက်လုံးတွေက ဘာလို့ ပဟေဌိဆန်ပြီး နိမိတ်မကောင်းရတာလဲ။ ထိုအချိန်တွင် ဘေးတစ်ဖက်မှ မထီမဲ့မြင်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

“အရှင့်သား ချင်ဝမ်က ဆုံးဖြတ်ချက်မချခင် ဒီအိမ်ရှေ့စံကိုတောင် မမေးတော့ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now