အခန်း(၈)

2.4K 224 0
                                    

အခန်း(၈)

မင်္ဂလာအခန်းသို့။

သတို့သမီးဟာ အိမ်တော်ထဲ ဝင်လာနိုင်ပေမယ့် သတို့သားမရှိဘဲ သုံးကြိမ်ကန်တော့မယ့် ထုံးစံကို ဘယ်လိုလုပ်မှာလဲ။ အဒေါ်ကြီးဝမ်ဟာ ကြင်ယာတော်ကြီးအမိန့်နဲ့  သူမကို မင်္ဂလာအခန်း သို့ပို့ဆောင်လိုက်တယ်။

“သူက တကယ်လှတာလား" ကြင်ယာတော်ကြီးYi ဟာသံသယအပြည့်နဲ့ မေးလိုက်သည်။

“တော်ဝင်ကြင်ယာတော်ကြီးရှင် ဒီအစေခံက သေချာကို မြင်ခဲ့တာပါ။ သူက တကယ်ကို လှလွန်းတယ်။ မိန်းမလှလေးကို ရုပ်ဆိုးမဆိုတဲ့ အခြေအမြစ် မရှိတဲ့စကားတွေဘယ်က ထွက်လာမှန်း မသိပါဘူးရှင်။"

“မဖြစ်နိုင်တာ” ကြင်ယာတော်ကြီးဟာ မတ်မတ်ထိုင်ရင်း ပြောလိုက်တယ်။

“သူ ငယ်ငယ်တုန်းက ငါတွေ့ဖူးတယ်။ သူ့မျက်နှာညာဘက်မှာ အမာရွတ်ကြီးရှိတယ်”

“တော်ဝင်ကြင်ယာတော်ကြီးရယ်..မနက်ဖြန် သူက တော်ဝင်ကြင်ယာတော်ကြီးကို အရိုအသေ လာပေးရင် မြင်ရပါလိမ့်မယ်။ဒီအစေခံက မလိမ်ဝံ့ ပါဘူး။ ဟန်မိသားစုက ဆေးပညာနဲ့ ကျော်ကြားတယ်ရှင့်။ နောက်ဆုံးတော့ သူတို့ သူ့ကို ကုပေးလိုက်တာနေမှာပါ။”

အဒေါ်ကြီးဝမ်ဟာ ယခုလို ပဲရှင်းပြနိုင်တော့သည်။

ကြင်ယာတော်ကြီးYiဟာ လက်ယမ်းလိုက်ပြီး အဒေါ်ကြီးဝမ်ကို ငွေအနည်းငယ်ပေးကာပြန်လွတ်လိုက်တယ်။

“မူဖေး ဒါကသတင်းကောင်းပဲ။ သူက လှတော့ အစ်ကိုတော်လဲ ဒီနေ့ သူ့ကို ဝင်ခွင့်ပေးလိုက်ရပေမယ့် မျက်နှာမပျက်ရတော့ဘူးပေါ့။ မယ်တော်ကြီး စီစဥ်တာဆိုပြီး ကျွန်မတို့လဲ အရှက်မကွဲရတော့ဘူးပေါ့။”

Murong Wanru က ပျော်ရွှင်စွာပင်ပြောလိုက်သည်။

ကြင်ယာတော်ကြီးYi ဟာ သူမ ကလှတယ်ဆိုတာ ကြောင့်အနည်းငယ် ကျေနပ်သွားပေမယ့် မယ်တော်ကြီးဟူသော အသံကြားရုံနှင့်ပင်  စိတ်တိုလာတယ်။ သူမကအေးစက်စက်နဲ့

“မယ်တော်ကြီးက သူ့အသက်ကယ်တဲ့သူရဲ့ သမီးကို ငါ့သား အတင်းလက်ဆက်ပေးတာ ဘာဖြစ်နိုင်လို့လဲ။ အရှက်ခွဲတာပဲ မဟုတ်ဘူးလား။ သူလှတော့ကောဘာဖြစ်လဲ။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now