အခန်း(၁၅၃)

1.3K 147 8
                                    

အခန်း(၁၅၃)

အချိန်စေ့ပြီ။ အနိုင်ရသူနဲ့ အရှုံးသမားကို ဆုံးဖြတ်ပြီးသွားပြီ။




တီးတိုးပြောဆိုမှုများကြားတွင် လူတိုင်းက Han Yunxi ၏ ပြပွဲအား ကြည့်ရှုနိုင်ရန် စိတ်မရှည်ကြတော့ချေ။ ရှုံးနိမ့်သွားသူများမှာ အလောင်းအစား၏ စည်းမျဉ်းအား ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ Mu Liuyue ၏ နာမည်ဂုဏ်သတင်းမှာ သူမ ရှုံးနိမ့်သွားသည်နှင့် ပျက်စီးသွားသည်။ Han Yunxi ကလည်း သူမ လမ်းစဥ်နောက် ဒီလောက် မြန်မြန်လိုက်သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ။

ဒါက မြို့တော်ရဲ့  တစ်နှစ်တာ အကောင်းဆုံး ပြပွဲဖြစ်ပြီး သူတို့က အလွတ်မခံနိုင်ဘူး။ တကယ်လို့ ဒီသတင်းသာ ပျံ့သွားရင် မြို့တော်တစ်ခုလုံး လှုပ်ခါသွားမှာပဲ။ သေချာပေါက် မင်းသမီး Changping နှင့် Murong Wanru မှာ ထိုရလဒ်အား မျှော်လင့်နေကြသော်လည်း ၎င်းနှင့် ယှဥ်လျှင် သူ့တို့က  Han Yunxi မှာ အမူးလွန်လာမည်အား တွေ့မြင်ရရန် ပို၍ စိတ်ဝင်စားနေကြသည်။

လူအများစုမှာ ထိုင်ခုံမှပင်ထကာ အနီးကပ် ရှင်းလင်းစွာ ကြည့်ရှုနိုင်ရန် တိုးကပ်လာကြသည်။  နောက်ထပ် လူများမှာ သုံးယောက် သို့မဟုတ် ငါးယောက်တစ်စုထိုင်ရင်း အချင်းချင်း စကားများနေကြသည်။ Murong Wanru မှာ မင်းသမီးChangping နားတိုးကပ်လာပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။ “မင်းသမီး စေ့စေ့စပ်စပ် ပြင်ဆင်ပြီးသွားပြီလား။"

မင်းသမီး Changping မှာ  Han Yunxi ထံမှ အကြည့်မလွှဲပဲ သူမနှုတ်ခမ်းများမှာ ဆိုးယုတ်စွာ ကွေးညွှတ်သွားသည်။ သူမက အသံတိုးတိုးဖြင့် လျှို့ဝှက်စွာ တုံ့ပြန်လိုက်သည်။ “စိတ်မပူနဲ။ ပြပွဲကိုသာ ပျော်ပျော်ရွှင်ရွှင် ကြည့်နေ ။ နင့်ဘာသာ နင်သာ ပြင်ထား။"

“ကောင်းပါပြီ။" Murong Wanru မှာ တီးတိုးပြောလိုက်ပြီး သူမထိုင်ခုံသို့ နောက်ပြန်ဆုတ်သွားသည်။ သူမ၏ လှုပ်ရှားမှုအား မည်သူမျှ သတိမပြုမိပေ။ လူတိုင်းက ဝိုင်ခရားများဖြင့် ပြည့်နေသည့် စားပွဲသုံးလုံးအားသာ အာရုံစိုက်နေကြသည်။ ထိုအချိန်တွင် Han Yunxi မှာ တတိယခရားအား ကုန်သွားပြီ ဖြစ်ပြီး စတ္ထုခရားအား မလိုက်သည်။ တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနှင့်တောင်ပိုင်းသခင်လေးများမှာ သတ္တမမြောက်ခရားသို့ ရောက်နေပြီဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now