အခန်း(၁၀၉)

1.5K 145 0
                                    

အခန်း(၁၀၉)

ဝေမျှထားသော မျှော်လင့်ချက်များ။

 

Han Yunxi နှင့် Mu Qingwu တို့ နှစ်ယောက်စလုံးတိတ်ဆိတ်သွားသည်အား မြင်လျှင် လက်ဖက်ရည်အစေခံမှာ တစ်ခုခုက မူမမှန်ကြောင်း သတိထားမိသွားသည်။ သို့သော် Mu Qingwu မေးမြန်းနေသော အရာများမှာ လက်ဖက်ရည်ဆိုင် ပြေစာမှတ်တမ်းတွင် မှတ်တမ်းတင်ထားသဖြင့် သူမ မလိမ်ဝံ့ပေ။

မကြာခင်ကပဲ ဒုတိယသခင်မလေးHanက ဒီနေရာမှာ အထက်တန်းစား နွေဦးလက်ဖက်ခြောက် တစ်ဗူးကျန်ခဲ့သည်။ ဒီနေရာမှာ လက်ဖက်ရည်လာသောက်တဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရာရှိအများစုက သူတို့ ကျန်ခဲ့တဲ့ လက်ဖက်ခြောက်တွေကို ဘယ်တုန်းကမှ  ပြန်လာယူလေ့မရှိဘူး။ ရလဒ် အနေနဲ့ သူမ အကျင့်ပျက်စွာ ထိုလက်ဖက်ခြောက်ဗူးအား သူမအတွက် သိမ်းထားမိလိုက်သည်။ မထင်မှတ်သည်မှာ နောက်တစ်နေ့တွင် ဟန်အိမ်တော်မှ လူလွှတ်ကာ ထိုဗူးအား လာရှာခဲ့သည်။ သူမ ယူထားသည်အား ထပ်မံထုတ်ပေးရမည်မှာ အနေခက်သောကြောင့် မမြင်ချင်ယောင်ဆောင်ခဲ့သည်။ ဒုတိယသခင်မလေး Han ၏ လက်ဆောင် လက်ဖက်ခြောက်များမှာ ပထမတန်းစားများသာ ဖြစ်ကာ အချို့မှာ လက်ဖက်ရည်ဆိုင်ရှိ လက်ဖက်ခြောက်များထက်ပင် အရည်အသွေးကောင်းမွန်သည်။ လက်ဖက်ခြောက် စျေးကွက်တွင် ရောင်းလျှင် စျေးကောင်းရနိုင်သည်။

အစေခံမှာ မူလက အချိန်ကောင်းရှာကာ ထိုဗူးအား လျှို့ဝှက်စွာ  ရောင်းရန် ကြံစည်ထားသော်လည်း ယနေ့တွင်ဤကဲ့သို့ အခြေအနေနှင့် ကြုံတွေ့ရမည်ဟု မည်သို့ ထင်ခဲ့မှာလဲ။ သူမ နှလုံးသားမှာ ကြောက်ရွံ့ကာ တုန်ရင်နေသည်။ သူမ ဒီလက်ဖက်ခြောက်ဗူးကို ဘယ်လိုလုပ် ရောင်းရဲတော့မှာလဲ။ သူမကို ခြေရာခံ လိုက်လာရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့  မန်နေဂျာကသာ သူမက ဧည့်သည်ရဲ့ လက်ဖက်ခြောက်ကို ခိုးထားတယ်ဆိုတာ သိသွားရင် သူမတော့ သေပြီ။

Mu Qingwu ၏ ထိန်းချုပ်ထားသည့်ပုံအား မြင်လျှင် Han Yunxi မှာညင်သာစွာ သက်ပြင်းချကာ ပြောလိုက်သည်။ “ စစ်သူကြီးငယ် ရှင်က ကျွန်မကို စိတ်ချထားဖို့ ပြောခဲ့တယ်။ သေချာပေါက် ရှင့်ကို စိတ်ချထားဖို့ ပြောချင်တယ်။ စိတ်မပူပါနဲ့။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now