အခန်း(၃၄)

2K 200 0
                                    

အခန်း(၃၄)

စိတ်လှုပ်ရှားစွာ ရလဒ်စောင့်ခြင်း။

“မဝဲ့ရဲပါဘူး။ မဝံ့ရဲပါဘူး။" ငါမင်းကို ဒုက္ခပေးရမယ် ဟူသောစကားတစ်ခွန်းက မြောက်ပိုင်းတရားရေးအရာရှိအတွက် ပြင်းထန်လွန်းသည်။

သို့ရာတွင် Long Feiye ကဆက်လက်၍ “တကယ်လို့ချင်ဝမ်ဖေးက Mu Qingwu သတိရလာအောင်မလုပ်နိုင်ခဲ့ရင် မင်းကသူ့ကို ခေါ်သွားပြီး တရားဥပဒေအတိုင်း လုပ်နိုင်တယ်။ တကယ်လို့ သူက Mu Qingwu ကို သတိရလာအောင်လုပ်နိုင်ခဲ့ရင်.......”Long Feiye ကရပ်လိုက်ပြီး စကားသံဟာ ရုတ်တရက်အေးစက်သွားတယ်။ “မင်းက ဒီအရှင်ရဲ့ ဝမ်ဖေးကို သက်သေမရှိပဲဖမ်းရဲတာကြောင့် ဒီအရှင်က တရားဥပဒေအတိုင်းလုပ်တဲ့အခါ အပြစ်မတင်ပါနဲ့။"

မြောက်ပိုင်းတရားရေးအရာရှိဟာ တုန်လှုပ်သွားသည်။ သူက Han Yunxi  ကူညီနေလား တစ်ယောက်ယောက်ကိုထိခိုက်နေတာလားဆိုတာ တစ်ခါပင် မစစ်ဆေးခဲ့ပဲ မင်းသမီးChangping နှင့် မယ်တော်ကြီးအမိန့်အတိုင်းလိုက်လုပ်ခဲ့တာ။ လူတိုင်းက ကြောက်ရွံ့မှုကြောင့် တုန်ရင်နေပြီး သူတို့ ကံကြမ္မာအတွက် မသေချာဖြစ်နေကြသည်။ မင်းသမီးChangping နှင့် Mu liuyue ဟာလဲ Mu Qingwu အား သတိရလာစေချင်ပြီး တစ်ဖက်မှာလည်း Han Yunxi အား အပြစ်မှလွတ်မသွားစေချင်ပေ။ မင်းသမီးChangping နှင့် Mu Liuyue ဟာ စိတ်ရှုပ်ထွေးကာ စိုးရိမ်နေပြီး သူမတို့လက်ထဲမှ လက်ကိုင်ပုဝါများပင် စုတ်ပြဲလုနီးပါးဖြစ်နေသည်။

အစေခံတစ်ယောက်က ထိုင်ခုံယူလာပြီး  Long Feiye ဟာတံခါးရှေ့မှာပင် ထိုင်လိုက်ကာ လွှမ်းမိုးသည့် အရှိန်အဝါများထုတ်လွှတ်နေသည်။ သူက သက်ရှိအလုံးစုံ အမိန့်ပေးနိုင်သော နတ်ဘုရားတစ်ဆူကဲ့သို့ပင်။ တကယ်လို့သူက စောင့်ဆိုရင် မဖယ်ရှားရဲပဲ သုံးရက်သုံးညဆိုရင်တောင် စောင့်နေရမယ်။

မြောက်ပိုင်းတရားရေးအရာရှိဟာ စဥ်းစားရင်း ကြောက်ရွံ့လာသည်။ သူကတစ်ခြားသူများနှင့်မတူပေ။ သူက တရားရုံးတော်ရဲ့ သာမာန်တရားရေးအရာရှိပဲ။ Mu Qingwu သေခြင်းရှင်ခြင်းက သူ့နှင့်မဆိုင်သော်လည်း Mu Qingwu  ကိုကယ်တင်လိုက်နိုင်ရင် သူကတော့ ဒုက္ခရောက်ပြီ။ မဟုတ်ဘူး။ သူအထဲဝင်နိုင်ဖို့ နည်းလမ်းစဥ်းစားရမယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now