အခန်း(၃၈)

2K 177 0
                                    

အခန်း(၃၈)

တော်ဝင်ကြင်ယာတော်ကြီးပြန်ရောက်လာခြင်း။

Murong Wanru ဟာ စဥ်းစားဟန်ဖြင့် “မနက် ကျွန်မမနက်အထိ သတိလစ်နေတာ။ ကျွန်မ မူဖေး ပြန်မရောက်သေးတာတွေ့တော့ နောက်တစ်ယောက် ထပ်လွှတ်လိုက်တယ်။ ပြီးမှ ကျွန်မ နံပတ်ခြောက်က တံခါးမှာ အိပ်နေကို တွေ့တာ။"

“အို...”Han Yunxi ဟာသူမ စကားများကို ခွဲခြားနိုင်ရန် တမင်ပင် ထပ်မံဆွဲထုတ်လိုက်သည်။ “ဆိုတော့ မင်းအဲ့တာပြီးတော့ တစ်ယောက်မှ ထပ်မလွှတ်တော့ဘူးပေါ့။"

Han Yunxi က သုံးရက်တောင် အကျဥ်းချခံထားရတာ။

Murong Wanru  စကားဆက်မပြောနိုင်တော့ဘူး။ သူမ အချိန်အတန်ကြာမှ ထပ်မံ ပြောလာသည်။ “သွားတယ်။ ကျွန်မကိုယ်တိုင်သွားခဲ့တာ။ ဒါပေမဲ့..ဒါပေမဲ့ မူဖေးကို ရှာမတွေ့ခဲ့ဘူး။ ယောင်းမ သိပါတယ်။ နိမ့်ကျတဲ့လူတွေရဲ့စကားက အရာမရောက်ဘူး။ ကျွန်မ ယောင်းမအတွက် မပြောနိုင်ခဲ့ဘူး။ ကျွန်မ စိုးရိမ်နေတာကြောင့် မူဖေးကိုပဲ ဆက်ရှာနေခဲ့တာ။”

တော်ဝင်ကြင်ယာတော်ကြီးက သူမကို မျက်နှာသာပေးနေတာကြောင့် သူမပုံရိပ်ကောင်းဖို့လိုတယ်။ဒီမိန်းကလေးက တော်ဝင်ကြင်ယာတော်ကြီးYi  ကိုဆင်ခြေလုပ်လိုက်တာက သူမ တော်တော်ရဲတင်းနေတယ်ဆိုတာပြတာပဲ။

“ဆိုတော့ မင်းက မူဖေးကို ရှာမတွေ့ဘူးဆိုတာ တော်ဝင်သမားတော်Gu ကို သတင်းပို့ဖို့ လုံးဝမစဥ်းစားမိဘူးပေါ့။" Han Yunxi မှထပ်မေးလိုက်သည်။

Murong Wanru ဟာ မျက်ခုံးကျုံ့လိုက်ပြီး မျက်လုံးထဲမှာလည်း မျက်ရည်များ တလက်လက်တောက်လာသည်။ “ယောင်းမ... ကျွန်မ အစိုးရိမ်လွန်ပြီး မေ့သွားလို့..”

“အိုး.....”Han Yunxi ဟာ သိသိသာသာပင် ရပ်လိုက်သည်။ “နောက်ဆုံးကော မင်းမူဖေးကို ရှာတွေ့လား။"

Murong Wanru ခေါင်းယမ်းလိုက်သည်။ “မတွေ့ခဲ့ဘူး။ နောက်တော့ မားမားဆီက ယောင်းမပြန်လာတော့မယ်ဆိုတာ ကြားလို့ အမြန်ပြန်လာတာ။ ယောင်းမ ကျွန်မတွေ့ချင်နေတာ ကြာပြီ။ ကျွန်မက ရှင်းပြချင်ပေမယ့် ယောင်းမ..ယောင်းမ..က ကျွန်မကို မတွေ့ဘူးလေ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now