အခန်း(၁၈၇)

1.3K 141 7
                                    

အခန်း(၁၈၇)

အမျက်ဒေါသ။ အဆုံးအထိ စုံစမ်း။







တိတ်ဆိတ်မှုများအောက်တွင် လူတိုင်းမှာ မယုံကြည်နိုင်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဤကဲ့သို့ ရလဒ်အား မည်သူမှ မမျှော်လင့်ထားပေ။

ဆေးသောက်ပြီးနောက် ချက်ချင်း အဆိပ်သင့်သည်နှင့် သုံးရက်ကြာပြီးမှ အဆိပ်သင့်ခြင်းသည် အမှန်တကယ်ပင် ကြီးမားလွန်းလှသော ကွာခြားချက်ကြီးဖြစ်သည်။ ဆေးညွှန်းပမာဏပေးရာတွင် လွဲချော်မှုများ ရှိနိုင်ပြီး အမှားအယွင်းများ ဖြစ်နိုင်သော်လည်း လိုအပ်သည်ထက် နှစ်ဆပိုနေခြင်းမှာ လွန်ကျူးလွန်းနေသည်။

သမားတော်လီမှာ ဆေးညွှန်းမှားရေးခဲ့လျှင်ပင် သူက ဆေးပမာဏရေးရာတွင် ဤကဲ့သို့ အမှားကြီး ပြုလုပ်မိမည် မဟုတ်ပေ။ ဒါက ဘယ်လို လူသေစေမှုဖြစ်မှာလဲ။ ဒါက ရည်ရွယ်ချက်ရှိရှိ လူသတ်မှုပဲ။

တကယ်လို့ ဆေးထုတ်သုံးထုတ်ထဲမှာ ပါတဲ့ဆေးက ဆေးညွှန်းထဲကတိုင်း ပမာဏ တူညီနေတယ်ဆိုရင် သမားတော်လီက ဆေးညွှန်းပမာဏ မှားဖြည့်လိုက်တာမဟုတ်ဘူး။ အဲ့ဒီလို ဖြစ်သွားရင် မဒမ် Chen ရဲ့ ယောက္ခမ သေဆုံးမှုက ဆေးသောက်မိလို့ မဟုတ်ပဲ တစ်ယောက်ယောက်က ဆေးညွှန်းကို အခွင့်ကောင်းယူပြီး သူမကို တမင် သတ်လိုက်တာပဲ။

အဲ့တာက အမှန်ပဲလား။

သမားတော်လီက လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ သတ်တာလား ဒါမှမဟုတ် တခြားသူမှ တရားခံလား။ ရိုးရှင်းလွန်းသည့် အမှုတစ်ခုမှာ ရုတ်တရက်ပင် Han Yunxi ၏ အဆိပ် ခွဲခြမ်းစိစစ်ခြင်း ကျေးဇူးကြောင့် ရှုပ်ထွေးသွားတော့သည်။ ရုတ်တရက် ခုနစ်ယောက်မြောက်မဒမ်မှာ မဒမ် Chen  အား လှည့်ကြည့်လိုက်သည်။ လူအုပ်မှာလည်း သူမ အကြည့်လားရာနှင့် တူညီသော ဦးတည်ချက်သို့ လိုက်ကြည့်လိုက်ကြသည်။ မဒမ် Chen  မှာ အလွန် အလွန့်ကို ခေါင်းငုံ့ထားပြီး ခန္ဓာကိုယ်မှာမူ တုန်ရင်နေသည်။ သူမက စကားတစ်ခွန်းမှ မဆိုရဲပေ။

အရာရှိ Ouyang  ၏ မျက်လုံးများတွင်လည်း ရှုပ်ထွေးနေကာ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေသည်။ နောက်ဆုံးတွင် သူက စကားစလိုက်သည်။ “တော်ဝင်သမားတော်Lin  နေကြာပန်းအညှာအဆိပ် ပမာဏနဲ့ အဆိပ် သက်ရောက်ချိန်က … တကယ်ပဲ အဲ့ဒီလို အလုပ်လုပ်တာလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now