အခန်း(၁၇၇)

1.4K 162 18
                                    

အခန်း(၁၇၇)

အရမ်း အဆင်ပြေနေတယ်။ မကောင်းတဲ့ အနံ့တွေရနေတယ်။





ဘဏ္ဍာထိန်းအိုကြီးမှ ထွက်လာသည်နှင့် တစ်ပြိုက်နက် Han Yunxi  မှာ အပြုံးဖြင့် ဆီးကြိုလိုက်သည်။ “ ဘဏ္ဍာထိန်းအိုကြီး ကျွန်မက သတင်းတစ်ခု ပို့ပေးဖို့ ဒုက္ခပေးရဦးမယ်။ ချင်ဝမ်ဖေးက အရင်တစ်ကြိမ်က အဖြေကို ဖြေပေးဖို့ ရောက်နေတယ်လို့ ဆေးမိစ္ဆာအရှင်ကို ပြောပေးပါဦး။"

“ နံရံရိုက်တစ္ဆေ..”  ဘဏ္ဍာထိန်းအိုကြီးမှာ ချက်ချင်းပင် ခန့်မှန်းလိုက်သည်။

Han Yunxi  မှာ ဆန်းပြားစွာ ခေါင်းငြိမ့်ပြလိုက်သော်လည်း ဘဏ္ဍာထိန်းအိုကြီးမှာ အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ “ အရှင့်သား၊ လေးစားရတဲ့ဝမ်ဖေး ဆေးမိစ္ဆာအရှင်က ပြီးခဲ့တဲ့ လအနည်းငယ်က ထွက်သွားပြီး ပြန်ရောက်မလာသေးပါဘူး။ ဝမ်ဖေးက…. အချိန်မှားပြီး ရောက်လာပါပြီ။"

ဘာ…….

“အဲ့ဒါဆိုရင် သူက ဘယ်သွားတာလဲ။"  Han Yunxi မှာ အလျင်စလို မေးလိုက်သည်။

ဘဏ္ဍာထိန်းအိုကြီးမှာ ခေါင်းယမ်းလိုက်သည်။ “ ဒီအစေခံက ဆေးမိစ္ဆာအရှင်ရဲ့ လှုပ်ရှားမှုတွေကို မသိရတာကြောင့် သူဘယ်အချိန် ပြန်လာမလဲဆိုတာ မသိပါဘူး။"

တစ်နည်းပြောရရင် သူတို့က သူ့ကို မရှာနိုင်ဘူးပေါ့။ ဧကရာဇ် Taihui  မှာ သူတို့အား သုံးရက်သာ အချိန်ပေးထားသည်။ ဒီတစ်ကြိမ်တွင် သူတို့က ခရမ်းရောင်ဒေါနပင်အား မည်သည့်နေရာတွင် ရှာရမှန်း သဲလွန်စပင် မရှိချေ။

“ ဘဏ္ဍာထိန်းအိုကြီး.. ခရမ်းရောင်ဒေါနပင်က ဒီမှာ ရှိလား။"  Han Yunxi  မှာ မျှော်လင့်ချက် အရိပ်အယောင်များ ထားရှိနေသေးသည်။

ဘဏ္ဍာထိန်းအိုကြီးမှာ အံအားသင့်သွားသည်။ “ ဝမ်ဖေးက ခရမ်းရောင်ဒေါနပင်ကို လိုချင်လို့လား။"

“ရှင့်မှာ ရှိလား။"  Han Yunxi မှာ စိတ်လှုပ်ရှားသွားသည်။

သို့သော် ဘဏ္ဍာထိန်းအိုကြီးမှာ ခေါင်းယမ်းလိုက်သည်။ “ဒီအစေခံက အဲ့ဒီလို ရှားပါးတဲ့ ဆေးပင်နဲ့ ပတ်သက်ပြီး မသေချာပါဘူး။  လေးစားရတဲ့ဝမ်ဖေး တောင်ကြားထဲက ရှားပါးတဲ့ ဆေးပင်တွေကို ဆေးမိစ္ဆာအရှင်ကပဲ တာဝန်ယူထားတာပါ။ ဒီအစေခံက သာမာန် အသုံးများတဲ့ ဆေးပင်တွေပဲ တာဝန်ယူရပါတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now