အခန်း(၁၉၁)

1.4K 146 15
                                    

အခန်း(၁၉၁)

အဆိပ်ခတ်ခြင်း။ သူက နည်းနည်း စိတ်မရှည်ဖြစ်နေတယ်။






Long Feiye ၏ ထိုစကားများမှာ အမျိုးသမီး သုံးဦးအား အံ့အားသင့်သွားစေသည်။ Murong Wanru  မှာ သူမ၏ နားအားပင် မယုံကြည်နိုင်ချေ။ ချင်ဝမ်က….. သူမရဲ့ မင်္ဂလာပွဲတက်ဖို့ ပြန်လာခဲ့တာ မဟုတ်ပဲ  Han Yunxi  ကို ခေါ်ပြီးထွက်သွားဖို့……

မရဘူး။

သူမ လက်မခံနိုင်ဘူး။ ချင်ဝမ်က ဘာလို့ ဒီလို လုပ်နိုင်ရတာလဲ။

Han Yunxi  မှာလည်း ဤသည်အား မျှော်လင့်မထားပဲ ကျယ်လောင်စွာ ရယ်မောလုနီးပါးဖြစ်သွားသည်။ ဒီကောင်က ရိုးရိုးလေးကို ပြန်လာပြီး ပြသနာရှာနေတာပဲ။ Murong Wanru က စောနကပဲ ကြွားလုံးထုတ်နေတာကို ကြည့်ပါဦး။ ကောင်းပြီ။ သူမ စိတ်ထဲမှာ ရှုပ်နေတာကို ဖယ်ရှားလိုက်နိုင်ပြီဆိုတာ ဝန်ခံတယ်။ သူက အရင်တစ်ကြိမ်တုန်းက ပျက်ကွက်ခဲ့တာကို အခု သူမက ခွင့်လွှတ်ပေးလိုက်တော့မယ်။ 

Han Yunxi  မှ Murong Wanru  အား ကြည့်လိုက်သည့် တစ်ချိန်တည်းမှာပင်  Murong Wanru မှလည်း သူမအား ကြည့်လာသည်။ သူမက မတတ်သာပဲ လျင်မြန်စွာ နှုတ်ခမ်းအားသာ ပွတ်သပ်လိုက်သည်။သို့တိုင် သူမက လျှို့ဝှက်စွာ ရယ်မောနေသည်အား လူတိုင်းက ပြောနိုင်သည်။

Murong Wanru မှာ အလွန်အမင်း အဆင်မပြေဖြစ်နေသည်။ အရှက်ကွဲပြီးနောက် ဒေါသများစွာ ထွက်လာကာ နောက်ဆုံးတွင် တစ်စစီ ပြိုလဲသွားသကဲ့သို့ မျက်လုံးများမှာလည်း နီရဲလာသည်။ သူမက ကြင်ယာတော်ကြီးYi အား ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “မူဖေး ကြည့်လိုက်ပါဦး။ချင်ဝမ်က အနိုင်ကျင့်နေတယ်။"

အဆုံးတွင်မူ Murong Wanru  မှာ ကြာပန်းဖြူ သာ ဖြစ်သည်။ သူမက ချင်ဝမ်ရှေ့တွင် အမြဲတစေ အလိုလိုက်ခံရသော်လည်း သနားစရာ မိန်းမငယ်လေးကဲ့သို့သာ ပြုမူလေ့ရှိသည်။ ဒီတစ်ကြိမ်တွင် သူမက မထိန်းချုပ်နိုင်တော့သောကြောင့် အမှန်တကယ်ပင် နာကျင်သွားရပုံပေါ်သည်။ Long Feiye မှာ ဤကဲ့သို့ ကလေးတစ်ယောက်ကဲ့သို့ ပြုမူကာ ညည်းညူနေတတ်သော အမျိုးသမီးများအား စက်ဆုတ်လှသည်။ သူက အမျိုးသမီးများအား အနိုင်ယူလျှင်တောင် ရည်ရွယ်ချက်ရှိရှိ သဘောရှိ လုပ်လိုက်ခြင်းမျိုး မဟုတ်ပေ။ သူ မျက်လုံးများတွင် စိတ်မရှည်မှုများက ဖြတ်သွားပြီး သူက  Murong Wanru  အား နောက်တစ်ကြိမ်ပင် မကြည့်ချင်တော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Donde viven las historias. Descúbrelo ahora