အခန်း(၁၉၇)

1.5K 155 9
                                    

အခန်း(၁၉၇)

အလျင်မလိုဘူး။ ဘယ်သူက ဘယ်သူ့ကို တောင်းပန်မှာမလို့လဲ။





Zhaoမားမားမှာ ပါးနပ်စွာ ထွက်သွားပြီးနောက် ခြံဝန်းထဲတွင် နှစ်ယောက်သာ ကျန်ခဲ့တော့သည်။ အလွန်ပင် တိတ်ဆိတ်နေတော့သည်။

Long Feiye  မှာ လက်နက်ပုန်းများနှင့် အပ်များအား ရွေးချယ်နေစဥ်တွင် Han Yunxi မှာ တစ်ဖက်တွင် ရပ်နေကာ သူ၏ မျက်နှာအား ကြည့်နေသည်။ မှားနေတာမရှိဘူး။ သူက အလွန်အမင်းကို တည်ငြိမ်နေတယ်။ မနေ့က အဖြစ်အပျက်က သူ့ကို နည်းနည်းလေးတောင် သက်ရောက်မှု ရှိတယ် မထင်ရဘူး။

ဒါပေမယ့် အဲ့တာက သူမရဲ့ ပထမဆုံးအနမ်းလေ…..
သူကကော….

ယမန့်နေ့က အနမ်းမှာ အလွန် ရုတ်တရက် ဖြစ်ရုံသာမက တိုတောင်းလှသည်။ သူက နမ်းရှိုက်ရာတွင် အတွေ့အကြုံ ရှိခဲ့သူလားဟု ပြောနိုင်ရန်အတွက်လည်း သူမက အတွေ့အကြုံ မရှိလှချေ။ မည်သို့ပင်ဖြစ်စေ သူက အတင်းအကျပ်လုပ်ဆောင်တတ်သော ပုံစံအား သူမထံတွင် ထားရစ်ခဲ့သည်။ သူမက အတွေးများနေရင်း ယမန့်နေ့မှ အဖြစ်အပျက်များမှာ စိတ်ထဲတွင် ပေါ်လာပြန်သည်။ Han Yunxi ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းလာပြီး--- တစ်ချိန်တည်း Long Feiye မှာ သူမအား မော့ကြည့်လိုက်သည်။ သူ၏ နက်ရှိုင်းသောအကြည့်များမှာ သူမ အပေါ်တွင် ရပ်တန့်နေပြီး တစ်စုံတစ်ရာအား သိမြင်သွားဟန်တူသည်။ အနေခက်နေသည့် Han Yunxi  မှာ သူမ မျက်နှာတစ်ပြင်လုံး မီးတောက်လာသကဲ့သို့ ခံစားလာရပြီး တစ်ဖက်သို့ အလျင်အမြန် လှည့်လိုက်သည်။ “ ဝမ်ရယ် ချန်ချီ လက်ဖက်ရည် နည်းနည်းလောက် သွားယူလိုက်ဦးမယ်။"

Long Feiye ၏ ကျယ်ပြန့် နက်မှောင်သော မျက်ဆံများမှာ ဖတ်ရှု၍ မဖြစ်နိုင်သော သိမ်မွေ့သည့် အရိပ်အငွေ့များ တောက်ပနေသည်။ သူက သူမအား မတားတော့ပဲ ကျောက်စားပွဲပေါ်ရှိ လက်နက်များအား ဆက်လက် ရွေးချယ်လိုက်သည်။ သိပ်မကြာခင် Han Yunxi  မှာ လက်ဖက်ရည်နှင့် မုန့်များဖြင့် ပြန်ရောက်လာသည်။ သူမက ခံစားချက်များအား ထိန်းညှိရန် အချိန်ရသွားပြီ ဖြစ်သဖြင့် လေထုမှာ သက်တောင့် သက်သာ ရှိလာသည်။ အနည်းဆုံးတော့ ယခင်ကထက်စာရင် သူမက ပုံမှန် ပိုဖြစ်လာပြီ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now