အခန်း(၁၆)
အရှိန်ပြင်းသော မြစ်တစ်စင်းကဲ့သို့။
“ယောင်းမ… လက်ဖက်ရည်သုံးဆောင်ပါ။” Murong Wanru ဟာလက်နှစ်ဖက်နဲ့ လက်ဖက်ရည်ခွက် ကမ်းပေးလိုက်သည်။ သူမ လှုပ်ရှားမှုတိုင်းက နူးညံ့သိမ်မွေ့ကာ နွေးထွေးပြီး ချစ်စရာကောင်းတဲ့ ညီမငယ်လေးလိုပင်။
ဒေါ့ဒေါ့ဒေါ့………ဒေါ့ဒေါ့ဒေါ့
အဆိပ်ဖြည့်စနစ်ဆီက အချက်ပေးသံတွေဟာ သူမခေါင်းကွဲမတတ် ထွက်ပေါ်လာသည်။လက်ဖက်ရည်မှာ အဆိပ်ပါနေတယ်။ Han Yunxi လဲ သူမ စိတ်ထဲတွင် အဆိပ်ဖြေစနစ်မှ အာရုံခံကိရိယာဖွင့်ပြီး လက်ဖက်ရည်ခွက်ကို မျက်လုံးနဲ့ စစ်ဆေးလိုက်သည်။ ဝမ်းနုတ်ဆေးပါနေတာပဲ။
Murong Wanru ကဘယ်လိုတောင်လဲ။ သူမက နုနယ်တဲ့ပန်းလေးတစ်ပွင့်နဲ့တူပေမယ့် တကယ်တော့ ကြာပန်းဖြူလေးပဲ။ သူမ ဝမ်းနုတ်ဆေးသာ သောက်မိရင် နန်းတွင်းမှာ တစ်ချိန်လုံးသန့်စင်ခန်း ရှာနေရတော့မှာမလား။ သူမကိုယ်တိုင်ကော အိမ်တော်ကော မျက်နှာပျက်ရတော့မှာပေါ့။
ဒီလိုအံ့သြစရာနည်းလမ်းနဲ့ မင်းရဲ့ ကြင်နာမှုကို ပြတာပေါ့လေ။
ဒီဆရာဝန်အစ်မကြီးက ပိုကြီးတဲ့ ကြင်နာမှုပြပေးမယ်။
လက်ဖက်ရည်ရောက်လာချိန်မှာ သူမလျင်လျင်မြန်မြန်ပင် ယူလိုက်ပြီးတစ်ကြိုက်ထဲ သောက်လိုက်တယ်။ ခွက်ပြန်မပေးခင်မှာ သူမလက်ချော်သယောင်နှင့် မြေပေါ်ကျကွဲစေလိုက်သည်။
“ဘာဖြစ်တာလဲ" ကြင်ယာတော်ကြီးYi မေးလိုက်တယ်။ လက်ဖက်ရည်ဆက်သစဥ် ခွက်ကွဲတာဟာကံဆိုးစေတယ်။ Murong Wanru ဟာ အလျင်အမြန်ပင် နှစ်သိမ့်လိုက်သည်။
“မူဖေး ဘာမှမဖြစ်ပါဘူး။ "
သူမ ပြောရင်းပင် ဒူးထောက်ကာ ဖန်ကွဲစများကိုကောက်လိုက်တယ်။ Han Yunxi လဲ နောက်မှ လိုက်ကောက်လိုက်သည်။
“ငါလုပ်မယ်။ ငါလုပ်မယ်။ ကိုယ့်ကိုကိုယ် ဒဏ်ရာမရစေနဲ့။" ပြောရင်း Han Yunxi ဟာ ဖန်ကွဲစလေးနဲ့ သူမလက်ကို ခြစ်မိစေလိုက်သည်။
“အိုက်ယား…..သွေးထွက်လာပြီ။ ငါ့အပြစ်ပဲ။" သူမ Murong Wanru လက်ကိုဆွဲကာ ပါးစပ်ဖြင့် သွေးများစုပ်ထုတ်လိုက်သည်။ သူမ Murong Wanru ဆီက ကြင်နာတတ်တယ်ဆိုတဲ့သရုပ်ကို အောင်မြင်စွာ လုယူလိုက်နိုင်ပြီ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Historical Fictionအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...