အခန်း(၄၃)

2K 176 3
                                    

အခန်း(၄၃)

ကုသမှုအတွက် ဆေးတောင်းဆိုခြင်း။

 
မင်းသမီးChangping ၏ အော်ဟစ်မှုများအား ရင်ဆိုင်ကာငြင်းခုန်နေမယ့်အစား ဆရာဝန်တစ်ယောက်၏ လေးနက်သည့်အမူအရာချိတ်ဆွဲထားသည်။ တင်းမာတည်ငြိမ်သည့်မျက်နှာမှာ လုံခြုံမှုများ ပေးစွမ်းနိုင်သည့်ဟန်အပြည့်ပင်။ မေးခွန်းဖြေမယ့်အစား မင်းသမီးChangping ၏မျက်နှာအား ပွတ်သပ်လိုက်ပြီး တိတ်ဆိတ်စေလိုက်သည်။ ဧကရီပင် မေးခွန်းထုတ်ရန် ကြောက်ရွံ့ကာ စိတ်လှုပ်ရှားနေသည်။

Han Yunxi မှာ ညာဘက်အားထိပြီးနောက် ဘယ်ဘက်အားလည်းထိလိုက်သည်။ သူမ အာရုံခံစနစ်၏ နောက်ဆုံးရလဒ်အရ မင်းသမီးChangping မှာ နောက်တစ်ကြိမ်အဆိပ်ထလာတော့မယ်။ သူမ တည်ငြိမ်စွာပင် အချိန်အတန်ကြာပွတ်သပ်နေပြီး မင်းသမီးChangping နှင့် ဧကရီမှာ စိတ်လှုပ်ရှားမှူများ ကြီးထွားလာသည်။ သူတို့နှစ်ယောက်စလုံး မေးခွန်းမမေးရဲပဲ မရိုးမရွဖြစ်လာကြတယ်။ ကုတင်လိုက်ကာအပြင်၌ ရပ်နေသည့် Gu Beiyue မှာပင် အနည်းငယ်မသက်မသာခံစားလာရသည်။ သူက Han Yunxi မှာ အဆိပ်များကုသနိုင်မှန်း သိထားသော်လည်း မင်းသမီးChangping မျက်နှာမှ အဆိပ်အား သူမ ကုသနိုင်မလားဆိုတာ မသေချာပေ။ အများဆုံးမှာ သူမအား ထောက်ခံပေးခဲ့ရုံသာ။

အချိန်ခဏအတွင်းမှာပင် လေထုမှာ တင်းမာလာသည်။

Han Yunxi သူမ လက်အားဖယ်လိုက်ပြီး နောက်မဆုတ်ခင်မှာပဲ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ “ဘုရားရေ အဆိပ်က ပြောင်းလဲလာပြီ။ မကြာခင် ကူးစက်နိုင်တော့မယ်။"

ဘာ..

ထိုစကားများကြားသည်နှင့် ဧကရီမှာ သူမအသက်အတွက် စိုးရိမ်ကာ နောက်ဆုတ်သွားသည်။ ပတ်ပတ်လည်ရှိ နန်းတွင်းသူများမှာလည်း တစ်ပုံစံတည်းပင်။ ဒါအမှန်တကယ် ကြောက်ဖို့ကောင်းတယ်။

မင်းသမီးတင်သာမက ကူးစက်ရောဂါရှိသည့် မည်သူမဆို (ဧကရာဇ် အပါအဝင်) နန်းတော်မှ ခေါ်ဆောင်သွားခံရနိုင်ပြီး သီးသန့်ခန်းမဆောင် တစ်ခုမှာ ပိတ်ထားခံရလိမ့်မယ်။ တကယ်လို့ သူတို့က ကုသနိုင်ခြင်းမရှိတော့ရင် တစ်ဘဝလုံး ပြန်လာခွင့်မရတော့ပေ။ မင်းသမီးChangping မှာ ကျယ်လောင်စွာ ငိုယိုရင်း “ကျွန်မမသွားချင်ဘူး။ မသွားချင်ဘူး။ ဝါး……..။ မယ်တော်… ကယ်ပါဦး။ ကျွန်မကို တစ်ယောက်ယောက်က အဝေးပို့လိုက်မှာ မလိုချင်ဘူး။ ကျွန်မ မသွားချင်ဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now