အခန်း(၅၅)

1.9K 184 2
                                    

အခန်း(၅၅)

အမှန်တရား ဖုံးကွယ်ထားရမယ်။

 

ကိုယ်ဝန်ဆောင်သွေးခုန်နှုန်းမဟုတ်ဘူးလား!!!!

Gu Beiyue ဟာ အံ့သြသွားပေမယ့် Han Yunxi ထံမှ ရှင်းပြလာသည်အား စိတ်ရှည်လက်ရှည် စောင့်နေသည်။

“ဒါပေမယ့် ဗိုက်ထဲမှာ သေချာပေါက်အသက်တစ်ခုရှိနေတယ်။" သူမ ဆက်ပြောလိုက်သည်။

ကိုယ်ဝန်ဆောင်သွေးခုန်နှုန်းမဟုတ်ပေမယ့် ဗိုက်ထဲမှာအသက်တစ်ခုရှိနေတယ်။ဘာအဓိပ္ပါယ်လဲ။ Gu Beiyue  မျက်ခုံးပင့်လိုက်မိသော်လည်း စကားမဆိုသေးပဲ သူမဆက်ပြောတာစောင့်နေသည်။ Han Yunxi မျက်နှာမှာ လေးနက်လာသည်။

“ရှင်က ကျွန်မဆေးစစ်ချက်ပြောနိုင်တဲ့တစ်ဦးတည်းသောလူပဲ ရှင်သိချင်လား။"

ထိုမှ Gu Beiyue မှာ စူးစမ်းချင်စိတ်ပြင်းပြလာသည်။ “ဘယ်လိုဖြစ်တာလဲ။"

“ကျွန်မရှင့်အကူအညီလိုတယ်။ ဒါပေမယ့် ရှင်က ဒီအကြောင်းလျှို့ဝှက်ထားရမယ်။" သူမ ထပ်ပြောလိုက်သည်။

Gu Beiyue တွေဝေမနေပဲ ခေါင်းငြိမ့်လိုက်သည်။ ဘာကြောင့် Han Yunxi အား ယုံကြည်နေမိမှန်း သူ့ကိုယ်သူတောင် မသိတော့ချေ။ သူ့အပြင်လဲ  Han Yunxi မှာ အခြားယုံကြည်ရမည့်သူမရှိဘူး။ ဒီလျှို့ဝှက်ချက်က အင်မတန်ကြောက်မက်ဖွယ်ကောင်းတယ်။ ခေတ်သစ်မှလူများပင် မသက်မသာခံစားရတာ အတိတ်မှလူများဆို ပိုတောင်ဆိုးလိမ့်မယ်။

သူမ အသံတိုးလိုက်သည်။ “ အိမ်ရှေ့စံရဲ့ရောဂါက သန္ဓေသားလောင်း လို့ခေါ်တယ်။ တိတိကျကျပြောရရင် သူ့ဗိုက်ထဲက ကလေးက ဧကရီရဲ့ဟာပဲ။”

ထိုစကားများမှာ အချိန်တိုင်းတည်ငြိမ်နေနိုင်သော Gu Beiyue ပင် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်လာသည်။ သို့ရာတွင် သူက လျင်လျင်မြန်မြန်ပဲ တည်ငြိမ်သွားပြီး “ချင်ဝမ်ဖေး ဒီစကားတွေ …. ဂရုမစိုက်ပဲ ပြောလို့မဖြစ်ဘူးနော်။"

Han Yunxi ကူကယ်ရာမရှိသလိုခံစားလိုက်ပြီး ရယ်ချင်သွားတယ်။ သူမပဲ နောက်တစ်ကြိမ် ဒီလူရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးလိုက်ပြန်ပြီ။ ထိုအစား သူမအနည်းငယ် ပြုံးလိုက်ပြီး  “ကျွန်မသိတယ်။ ရှင်းပြတာကို နားထောင်ကြည့်ဦး။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now