အခန်း(၁၀၆)

1.5K 148 0
                                    

အခန်း(၁၀၆)

နီးစပ်သော မေးခွန်း။ ပစ်မှတ်အား သတိပြုမိခြင်း။

Mu Qingwu က ဒီနှစ်တွေမှာ Mu Liuyue နဲ့ ကောင်းကင်ဘုံမွှေးရနံ့ လက်ဖက်ရည်ဆိုင်ကို မကြာခဏ သွားခဲ့ကြသည်။ သို့တိုင်အောင် အကြိမ်အရေအတွက်များစွာ မဟုတ်ပဲ အဆိပ်အာနိသင်ပြလာရန် အချိန်ဇယားနှင့် ကိုက်ညီမှုမရှိပေ။ သို့သော် ထိုနေရာတွင် လက်ဖက်ရည်သောက်ခဲ့ကြသော လူအများစုမှာ အိမ်သို့ လက်ဖက်ခြောက် ဝယ်လာလေ့ရှိကြသည်။ သဘာဝကျကျဆိုလျှင် သူတို့က နေ့တိုင်း လက်ဖက်ရည်သောက်ကြသည်။

Han Yunxi မှာ မူလက သူမ၏ စုံစမ်းရေးအား လက်ဖက်ရွက်များတွင် အာရုံစိုက်ထားခဲ့သည်။ Han Yunxi ၏ စကားများကြားလျှင် သူပို၍ပင် ဂရုစိုက်မိသွားသည်။ သူက ပြန်မဖြေခင် ခေတ္တ စဥ်းစားလိုက်သည်။ “ပုံမှန်ဆိုရင် ကျွန်တော်တို့က လက်ဖက်ခြောက် တော်တော်များများ ယူလာတယ်။ သူတို့ဆီက အရွက်တွေက တခြားသူ​တွေဆီကထက် ကောင်းပြီးထူးခြားတဲ့ အမျိုးအစား အများကြီးလည်းရှိတယ်။"

Han Yunxi မှာ အတွေးများသွားဟန် ဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမက Mu Qingwu အိမ်နဲ့ စစ်တန်းလျားက လက်ဖက်ခြောက်များအား အရင်စစ်ဆေးခဲ့ပြီး အဆိပ်အငွေ့အသက်များအား မတွေ့ရပေ။ “အရင်တစ်ခါ ကျွန်မ စစ်ကြည့်ခဲ့တဲ့ လက်ဖက်ခြောက်တွေက ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်ဆိုင်ကလား။" သူမ မေးလိုက်တယ်။

တကယ်လို့ Han Yunxi ရဲ့ စကားတွေကနေ လက်ဖက်ခြောက်မှာ ပြသနာ ရှိနေတယ်ဆိုတာ နားမလည်ရင် Mu Qingwu က တုံးအနေလို့ပဲ။ “ လေးစားရတဲ့ဝမ်ဖေး သူတို့က အရွက်တွေကို အဆိပ်ခတ်ထားတယ်လို့ တွေးလိုက်တာလား။" သူက သံသယများဖြင့် မေးလိုက်သည်။

“ကျွန်မက ဖြစ်နိုင်ချေကို ဖယ်ထားလို့ မရဘူးပဲပြောတာ။ တခြားဟာတွေနဲ့ ယှဉ်လိုက်ရင် အဲ့တာက သံသယရှိစရာ အကောင်းဆုံးပဲ။" Han Yunxi မှာ ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်သည်။

Mu Qingwu မှ မျက်ခုံးကျုံ့ကာ စဥ်းစားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အသေးစိတ် တင်ပြလာသည်။ “ လေးစားရတဲ့ဝမ်ဖေး ကျွန်တော်က လက်ဖက်ခြောက်နဲ့ ပတ်သက်ရင် ရွေးလွန်းတာများပါတယ်။ ကျွန်တော် စစ်တန်းလျားကို ယူသွားတာတွေက အိမ်ကဟာတွေပဲ ဖြစ်ပြီး အိမ်က လက်ဖက်ခြောက်တွေကလည်း မိတ်ဆွေ ဒါမှမဟုတ်ရင် Liuyue ပေးတာချည်းပါပဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now