အခန်း(၂၀)

2.2K 204 2
                                    

အခန်း(၂၀)

အရေးပေါ် ကယ်တင်ခြင်း။

မြင်းလှည်းဟာ လမ်းကြားထဲ ကွေ့လိုက်ပြီး မကြာခင်ရပ်လိုက်ရတယ်။ မြင်းလှည်းသမားက အံ့ဩတကြီးနဲ့ “ လေးစားရတဲ့ ဝမ်ဖေး။ အရှေ့မှာ ပြသနာရှိနေတယ်။ လူတစ်ယောက်လဲကျနေတယ်။ ကျွန်တော်တို့ လမ်းလွှဲသွားသင့်တယ်။"

သူမ လိုက်ကာဖွင့်ကြည့်လိုက်ရာ အပြာဝတ်လူငယ်တစ်ယောက်ဟာ မြေပြင်မှာလဲကျနေတယ်။ သူမဟာ ထိုလူရွယ်ရဲ့ မျက်နှာမမြင်ရပေမယ့် ထိုလူရွယ်က သူမတို့ကို အကူအညီတောင်းဖို့ကြိုးစားနေတယ်ဆိုတာ သတိထားမိလိုက်သည်။

သိမ်မွေ့တဲ့စရိုက်ရှိတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ သူမလှည်းပေါ်က ဆင်းလိုက်တယ်။ အသက်တစ်ချောင်းရဲ့ သေခြင်းရှင်ခြင်းဟာ အတွေးတစ်ချက်ပေါ်မှာပဲ မူတည်နေတယ်ဆိုတာ သူမနားလည်ထားသည်။ မြင်းလှည်းသမားဟာ သူမကိုတားဖို့ ကြိုးစားလိုက်ပေမယ့် မအောင်မြင်ပဲ သူမနောက်သာလိုက်လာလိုက်ရသည်။

“လေးစားရတဲ့ဝမ်ဖေး၊ ကိုယ်နဲ့မဆိုင်တာကို ဝင်မပါပါနဲ့။ ဒီလူက တရားခံဖြစ်နေရင်ဘယ်လိုလုပ်မလဲ။"မြင်းလှည်းသမားက သတိပေးလိုက်တယ်။

“လေးစားအပ်တဲ့ဝမ်ဖေး၊ ဒီနေ့က ဝမ်ဖေးရဲ့ ဒုတိယမင်္ဂလာနေ့ပါ။ တော်ဝင်ကြင်ယာတော်ကြီး စောင့်နေပါတယ်။ ဒီအတိုင်း.......” အကူအညီမဲ့နေတဲ့ မြင်းလှည်းသမားက ဆက်ပြီး မဖြောင်းဖြနိုင်တော့ဘူး။

သူမ အပြာဝတ်လူငယ်နဲ့ နီးလာတာတဲ့အမျှ သူမခေါင်းထဲမှာအချက်ပေးသံများမြည်လာသည်။ ဒီနားမှာအဆိပ်ရှိပြီး အဆိပ်ကလည်း အရမ်းပြင်းတယ်။

သူမ လဲကျနေတဲ့လူကို လှန်လိုက်သည့်အခါ ရင့်ကျက်တဲ့အသွင်ရှိပြီး သန့်ရှင်း ချောမောတဲ့ သခင်ငယ်လေးတစ်ယောက် ဖြစ်နေတယ်။

“ကယ်..ကယ်ပါ” ထိုလူရွယ်ရဲ့မျက်နှာဟာ ဖြူဖျော့နေပြီး နှုတ်ခမ်းဟာလည်း ခရမ်းရောင်ပြောင်းနေပြီ။ သတိမလစ်ခင်မှာပင် စကားပြောဖို့ ခက်ခဲနေတယ်။

မြင်းလှည်းသမားဟာ မြန်မြန်ဆန်ဆန်ပဲ ထိုလူရွယ်ကို သတိပြုမိသွားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now