အခန်း(၁၅၈)

1.4K 160 25
                                    

အခန်း(၁၅၈)

ဆက်လက် တိတ်ဆိတ်နေခြင်း။ သူမက သတိရှိတယ်။




မင်းသမီး Rongle က အရိုအသေပေးဖို့ ရောက်နေတယ်။

မြို့တော်က လူတိုင်းက မြို့ဝန် Pingbei နဲ့ ချင်ဝမ်အိမ်တော်က စေ့စပ်ကြောင်းလမ်းမှုကို သိကြတယ်။ Duanmu Yao က အခုလို အချိန်မှာ လာလည်တယ်ဆိုတာ နည်းနည်းတော့ မသင့်တော်ဘူးမလား။ သို့တိုင် သူမက အချိန်ကောင်း ရွေးတတ်သေးတယ်။ လူတိုင်းထွက်သွားတဲ့အချိန်အတိမှာပဲ တံခါးခေါက်လာတယ်။ Han Yunxi မှာ ဒီအမျိုးသမီးက Long Feiye က အိမ်၌ရှိနေရန် သေချာသည့် အချိန်ကောင်းအား ရွေးချယ်ကာလာခဲ့သည်ဟု မထင်မှတ်ပဲ စဥ်းစားမိသည်။

သူမရဲ့ ဆရာတူအစ်ကို ကို တွေ့ဖို့ အဲ့ဒီလောက်တောင် လုပ်ဖို့ လိုအပ်လို့လား။

“အိုက်ယား… နောက်ဆုံးတော့  Yao Yao က ရောက်လာပြီပေါ့။"  နောက်ဆုံးတွင် တစ်ချိန်လုံး မှုန်ကုတ်သုန်မှုန်နေသော ကြင်ယာတော်ကြီးYi ၏ မျက်နှာမှာ ပြုံးသွားပြီဖြစ်သည်။ ‘ Yao Yao' ဟူသော စကားတစ်ခွန်းကပင် သူမနှင့်Duanmu Yao ၏ ရင်းနှီးမှုအား လုံလောက်စွာ သက်သေပြနိုင်သည်။

အကယ်၍ Duanmu  Yao မှာ ချင်ဝမ်အိမ်တော်သို့ လက်ထပ်ဝင်လာလျှင် Long Feiye နှင့် Duanmu Yao မှာ လိုက်ဖက်သည့် စုံတွဲများ ဖြစ်လာနိုင်သည်ဟု Han Yunxi မှာ မတတ်သာပဲ စဥ်းစားမိသည်။ သူတို့ နှစ်ယောက်စလုံးမှာ စွမ်းရည်ရှိသည့် အမျိုးသားနှင့် အမျိုးသမီးဖြစ်ပြီး လူမှုရေးအသိုင်းအဝိုင်းနှင့် ကြွယ်ဝမှု အဆင့်အတန်းမှာ ကိုက်ညီလှသည်။

သူတို့ရဲ့ မင်္ဂလာဆောင်က ဘယ်လိုပုံစံရှိမလဲ။ သေချာတာတော့ ဒီနေ့ မြို့ဝန် Pingbei အိမ်တော်ရဲ့  ပြသမှုထက် ပိုပြီး ကြီးကျယ်မှာပဲ။ ကြင်ယာတော်ကြီးYi နဲ့ Long Feiye  က သတို့သမီးလက်ခံဖို့ ဂိတ်တံခါးမှာ အချိန်ကြာတည်းက စောင့်နေကြလောက်တယ်။ သူမက ကြင်ယာတော်ကြီးYi နဲ့ နီးစပ်နိုင်ဖို့ နှလုံးသားကိုပါ တူးထုတ်ပြီး နည်းလမ်းစဥ်းစားရင်တောင် Duanmu Yao ရောက်လာတာနဲ့ အရာအားလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးလိုက်နိုင်သည်။ ကြင်ယာတော်ကြီးYi က သူမကို ပိုပြီး ကြည့်ကောင်းစေမယ့် ချွေးမကို သဘောကျတယ်။ Han Yunxi မှာ သူမ မင်္ဂလာဆောင်နေ့မှ ကိုယ်တိုင်တံခါးဘောင်အား  နင်းကာ ဝင်ခဲ့ရသည်အား သတိရကာ  ခါးသီးသော နာကျင်မှုတစ်ခုမှ သူမရင်ထဲမှ  တိုးထွက်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Donde viven las historias. Descúbrelo ahora