အခန်း(၁၁၁)

1.5K 159 7
                                    

အခန်း(၁၁၁)

အဆပ်လူသား၊ အန္တရယ်များသော ရန်သူ။

 

Han Yunxi မှာ အမျိုးသမီးလုပ်ကြံသူ၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသည်။ သူမ မည်မျှပင် ရုန်းကန်ပါစေ လုပ်ကြံသူမှာ မတုန်လှုပ်ပေ။ ဒီလူသတ်သမားများမှာ Mu Qingwu အား ရင်းနှီးစွာ နားလည်ထားသော်လည်း သူမအား ဦးတည်နေသည်။ ဒီလူတွေက Mu Qingwu ရဲ့ မြွေတစ်သောင်းအဆိပ်နဲ့များ ပတ်သက်နေနိုင်တယ်။

သူမက အဆိပ်ရဲ့ ဇာတ်မြစ်ကို စုံစမ်းနေမှန်း သိလို့ သူတို့က သူမကို ပြန်ပေးဆွဲတာလား။

Han Yunxi မှာ ထိုအကြောင်းပြချက်မှ လွဲ၍ အခြားစဥ်းစားမရပေ။ သူမက သူမ၏ အသက်အား တန်ဖိုးထားသူဖြစ်သည်။ သူမ ယခုအချိန်တွင် တည်ငြိမ်စွာ သုံးသပ်နိုင်ခြင်းမှာ လုပ်ကြံသူမှာ သူမအား သတ်မည်မဟုတ်ဟု သေချာနေသောကြောင့်သာဖြစ်သည်။ မဟုတ်ရင် ဘာလို့ သူမကို ပြန်ပေးဆွဲလာမှာလဲ။ သူမကို တစ်ချက်တည်း ဓါးနဲ့ ထိုး အဆုံးသတ်လိုက်ဖို့ အခွင့်အရေးများစွာ ရှိနေဆာ ဖြစ်သည်။

ပြန်ပေးဆွဲလာတယ်ဆိုရင် သူတို့ဆီမှာ တောင်းဆိုချင်တာတွေလည်း ရှိလာလိမ့်မယ်။ အခုအချိန်အတွက်တော့ သူမက လုံခြုံနေသေးတယ်။ လက်ရှိတွင် သူမနားထဲတွင် ဒေါ့ဒေါ့ဒေါ့ဟူသော အဆိပ်အချက်ပြသံများ မြည်နေသည်။ ဒီလုပ်ကြံသူက ဓါးမှာ အဆိပ်သုတ်ထားရုံမက ကိုယ်ပေါ်မှာလည်း အဆိပ်အများကြီး ကွယ်ဝှက်ထားတယ်။ သူမက အဆိပ်အသုံးပြုရာမှာ ကျွမ်းကျင်တဲ့သူဖြစ်ရမယ်။ သူမရဲ့ အထင်ကြီးလောက်စရာ ကိုယ်ခံပညာနဲ့ ပေါင်းလိုက်ရင် ထိုအမျိုးသမီးမှာ မြောက်ပိုင်းLi သူလျှိုခေါင်းဆောင် ဖြစ်နေမလားဟု စဥ်းစားမိသည်။ ထိုကဲ့သို့ တွေးမိသည်နှင့် Han Yunxi မှာ ရုန်းကန်ချင်ဟန်ဆောင်လိုက်ကာ လုပ်ကြံသူ၏ လက်မောင်းအား ဆွဲဆုပ်လိုက်ပြီး လက်သည်းများက သူမ ( လုပ်ကြံသူ)၏ အရေပြားထဲသို့ ထိုးဖောက်သွားသည်။

သူမက နှာခေါင်းရှုံ့လိုက်ပြီး မထီမဲ့မြင် ခေါင်းငုံ့ကြည့်လိုက်ကာ “ Han Yunxi   ဟန်ဆောင်မနေနဲ့။ ဘာအထင်ကြီးစရာမှ မရှိဘူး။"  

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now