အခန်း(၁၉၈)

1.5K 151 9
                                    

အခန်း(၁၉၈)

မမျှော်လင့်ပဲ သူက ဒီမှာ ကူညီဖို့ ရောက်နေတယ်။







Gu Qishao  မှာ လက်ပေါ်ရှိ ပတ်တီးများအား ဖြည်လိုက်လျှင် သွေးစအနည်းငယ်အား တွေ့လိုက်ရသည်။ အဆိပ်မှာ ကုသပြီးသွားပြီဖြစ်ပြီး သူ၏ ချောမွေ့ လှပသော လက်ခုံတွင် သေးငယ်သော အနာဖေးသာ ကျန်တော့သည်။ ၎င်းမှာ ခြစ်ရာလေးမျှသာ ရှိတော့သော်လည်း ပတ်ဝန်းကျင်ရှိ အရေပြားများထက် အနည်းငယ် နိမ့်ကျနေကာ ဒဏ်ရာအနက်အား သက်သေပြနေသည်။ ၎င်းမှာ Long Feiye ၏ ပစ်ခတ်လိုက်သော ကျောက်စရစ်ခဲမှ နောက်ဆက်တွဲ ဒဏ်ရာဖြစ်သည်။ သူက ကျောက်စားပွဲပေါ်ရှိ ပျံ့ကျဲနေသည့် ထန်မျိုးနွယ် လက်နက်များကြောင့် စိတ်ရှုပ်သွားခြင်းသာ မဟုတ်လျှင် ကြာမြင့်စွာကပင် Long Feiye ၏ ရောက်ရှိလာမှုအား ခံစားမိနိုင်မည်ဖြစ်သည်။ သူက ဤကဲ့သို့ ပြင်းထန်သည့် ဒဏ်ရာလည်း ရလာမည် မဟုတ်ပေ။

သူက ခြစ်ရာပေါ်တွင် ဆေးများထည့်လိုက်ပြီး စိတ်ရှုပ်ခံကာ ပတ်တီးစည်းမနေတော့ပေ။ သို့သော် ၎င်းမှာ အပြည့်အဝ သက်သာလာရန် အတွက် ရက်အနည်းငယ် လိုဦးမည်ဖြစ်သည်။ ဤအချိန်အတွင်း သူက ထိုလက်ဖြင့် အားမသုံးနိုင်ချေ။ သို့တိုင် Gu Qishao  မှာ ဒဏ်ရာအား စိုးရိမ်နေခြင်း မဟုတ်ပဲ Han Yunxi ၏ စားပွဲပေါ်ရှိ အပ်များအား ပို၍ ပူပန်နေခြင်းဖြစ်သည်။ သူက အမှားလုပ်မိစရာ အကြောင်းမရှိပေ။ ကျောက်စားပွဲပေါ်ရှိ လက်နက်များမှာ အသေးစိတ်ကျကာ သေသပ်စွာ ပြုလုပ်ထားသော ပစ္စည်းများဖြစ်သည်။ ၎င်းတို့မှာ ထန်မျိုးနွယ်စုမှလာပြီး သာမာန်ပစ္စည်းများ မဟုတ်ပေ။ လက်ရှိတွင် ထန်မျိုးနွယ်စုမှာ လုပ်ကြံရေးလက်နက်များဖြင့် ကျော်ကြားသော်လည်း သူတို့၏ အဆိပ်ပညာမှာလည်း အဆင့်အတန်း မြင့်ခဲ့ဖူးသည်။ သူတို့၏ အဆိပ်ပညာနှင့် လက်နက်ပုန်းစွမ်းရည်မှာ တန်းတူဖြစ်ပြီး နောင်ပိုင်းနေ့ရက်များတွင် မျိုးနွယ်စုမှာ အဆိပ်ပညာအား ပျောက်ဆုံးသွားသည်။ တဖြည်းဖြည်းနှင့် ထန်မျိုးနွယ်၏ အဆိပ်စွမ်းရည်အား သိရှိသူ နည်းပါးလာသည်။
ကံကောင်းစွာဖြင့် သူက ထိုလူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now