အခန်း(၁၁၆)

1.5K 163 6
                                    

အခန်း(၁၁၆)

လူလိမ်။ ခြေတစ်လှမ်း နောက်ကျသွားခြင်း။


 
နောက်ဆုံးတွင် တစ်ယောက်ယောက်မှာ သည်းမခံနိုင်တော့ပဲ မတ်တပ်ရပ်လိုက်သည်။

Long Feiye က ထိုအစောင့်များထဲတွင် သစ္စာဖောက်ရှိမည်ဟု အခိုင်အမာ ယုံကြည်ထားပြီး အမှန်တကယ်ရှိနေခဲ့သည်။ သူ၏ တည်ငြိမ်အေးစက်နေသော အကြည့်များမှာ စကားပြောသူထံသို့ ရွေ့သွားပြီး သက်လတ်ပိုင်း လူတစ်ယောက်အား တွေ့လိုက်ရသည်။ သူက သာမာန် အစောင့်အကြပ်ကဲ့သို့ ဝတ်ဆင်ထားခြင်း မရှိပေ။

“Huo Yang  အဲ့တာ မင်းလား။" အစောင့် Shangguan မှာ အံ့သြသွားသည်။ ထိုသူမှာ တောင်ဘက်တောင်များတွင် အစောင့်ခေါင်းဆောင်ဖြစ်ပြီး နောက်ထပ် ကြီးကြပ်ရေးမှူးလောင်းဖြစ်သည်။ ထိုသူမှာ အလုပ်လုပ်ရာတွင် အရည်အချင်းရှိပြီး စွမ်းဆောင်ရည်ကောင်းတာကြောင့် အစောင့် Shangguan ကိုယ်တိုင် ရာထူးတိုးပေးခဲ့ခြင်း ဖြစ်သည်။ သူက ဘယ်လိုလုပ် သူလျှိုဖြစ်နေတာလဲ။ Huo Yang မှာ အစောင့်Shangguan အား ကြည့်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့သွားချိန်တွင် Mu Qingwu မှာ ထိုသူ့အား စစ်ဆေးရန် ချက်ချင်းပင် အလျင်စလို ရှေ့တိုးသွားသည်။

“ခြုံခိုတိုက်ခိုက်ဖို့ ဘယ်လိုစီစဥ်ထားတာလဲ။ လူတွေကကော..”  Long Feiye  မှ အေးစက်စွာ မေးလိုက်သည်။  နောက်ဆုံးတွင် သူက အကျဥ်းသားအား ကိုယ်တိုင်စစ်မေးရန် ဆုံးဖြတ်လိုက်သည်။

“အဲ့ဒီလူတွေက တောင်ဘက်တောင်တွေမှာ ပုန်းနေတာ ကြာလှပါပြီ။ သူတို့ရဲ့ မူလရည်ရွယ်ချက်က လေးစားရတဲ့ဝမ်ဖေး မဟုတ်ပေမယ့်….”

Huo Yang မှာ သူ့ကိုယ်သူ ဖော်ထုတ်လိုက်ချိန်မှစ၍ သေရတော့မည်ဟု အတိအကျသိနေသည်။ ကြောက်စရာ ဘာမှမရှိတော့ပေ။ သို့တိုင် သူက Long Feiye ၏ အေးစက်သော မျက်လုံးများနှင့် ရင်ဆိုင်ရချိန်တွင် မဝံ့မရဲဖြစ်သွားပြီး ဆက်လက် ဝန်ခံရန် ခဏရပ်လိုက်သည်။

“သူတို့… သူတို့က ဧကရာဇ်ကို အထူးတလည် စောင့်နေကြတာပါ။ လေးစားရတဲ့ဝမ်ဖေးက တောင်ပေါ်ရောက်လာတယ် သိတာနဲ့ သူ့တို့က ဘာလို့ ဝမ်ဖေးအပေါ် တိုက်ခိုက်ဖို့ လှုပ်ရှားလိုက်တာလဲတော့ မသိပါဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now