အခန်း(၂၇)

2K 164 0
                                    

အခန်း(၂၇)

အရှုံးမပေးခြင်း၊ တရားမဝင်ပြစ်ဒဏ်ပေးမှု(၁)

မင်းသမီး Changping နဲ့Mu Liuyue ဟာ သူမကိုယ့်ကိုကိုယ် ဟာသဖြစ်အောင်လုပ်မှာ ကို စောင့်ကြည့်နေကြသည်။ သို့ပေမယ့် သူမမတုန်လှုပ်ပေ။ သူမ ကြည်လင်တည်ငြိမ်စွာပင် Gu Beiyueနှင့် တိတ်ဆိတ်နေသော စစ်သူကြီးMuအားကြည့်လိုက်သည်။

“စစ်သူကြီး၊ သမားတော်Gu ရှင်တို့ နှစ်ယောက်လုံး စစ်သူကြီးငယ်ရဲ့ အခြေအနေကိုသိတယ်။ သူ့ရဲ့ အသက်နဲ့ ဒီဝမ်ဖေးရဲ့ အသက်က ဆက်နွယ်နေတယ်ဆိုတာ သိထားသင့်တယ်။"

Gu Beiyue ဟာသူမစကား အဓိပ္ပါယ်ကို သေချာပေါက်နားလည်တယ်။ စစ်သူကြီးMuက တော့ ဘေးကိုအကြည့်လွှဲလိုက်သည်။ သူမပြုံးကြည့်ရင်း မြောက်ဘက်တရားရေးအမှုထမ်းဘက်သို့လှည့်လိုက်သည်။ “မြောက်ဘက်တရားရေးအရာရှိ ..သွားရအောင်။"

သူမပြောပြီးတာနဲ့ အစောင့်အကြပ်မလိုပဲ တည်ငြိမ်စွာလှည့်ထွက်သွားသည်။

ဒီHan Yunxi ကတော့..

လူအုပ်က တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြသည်။ မင်းသမီး Changping နဲ့ Mu liuyue ဟာ သူမကို တိုက်ခိုက်ဖို့ ကြံစည်ထားသော်လည်း စိတ်ပျက်သွားတယ်။ လက်စားချေမှုက ပျော်စရာမကောင်းဘူး။

ဒီမိန်းမက မြို့တော်က တစ်ခြားမိန်းမတွေနဲ့မတူပဲ သန်မာတယ်။ တည်ငြိမ်ပြီးကျက်သရေရှိတယ်။ သူမရဲ့အလုပ်အတွက်တာဝန်ယူရဲတယ်။ သူမကိုအရှက်ခွဲရန်ဘာလို့ လွယ်ကူမှာလဲ။

မည်သူမှသူမနောက်လိုက်မလာတဲ့အခါ သူမတည်ငြိမ်စွာပြန်လှည့်ရင်း “ဘာတွေကြောင်နေကြတာလဲ။ သွားမယ်။"

မြောက်ပိုင်းတရားရေးအမှုထမ်းနဲ့သူ့လူများဟာ အချင်းချင်းကြည့်ရင်း အခြေအနေကို မခန့်မှန်းတတ်တော့ဘူး။ သူတို့ သတိဝင်လာဖို့ အချိန်အတော်ကြာယူလိုက်ရသည်။ သူမရဲ့ တည်ငြိမ်မှုကိုတွေ့လိုက် မြောက်ပိုင်းတရားရေးအမှုထမ်းဟာ မထိန်းနိုင်ပဲ လေးစားတဲ့အကြည့်များပေါ်လာသည်။ သူက တော်ဝင်မိသားစုရဲ့ လူတော်တော်များများကိုဖမ်းဆီးဖူးတယ်........ အကုန်လုံးက အော်ဟစ်နေတာမဟုတ်ရင် တောင်းပန်နေကြတာပဲ။ ဒီလိုမာနကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို သူပထမဆုံးတွေ့ဖူးတာပဲ။ သူမက ယောကျာ်းတစ်ယောက်ဆီမှာကျရှုံးမှာမဟုတ်ဘူး။ ဒီလိုထူးခြားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကံတရားက မယ်တော်ကြီးလက်ထဲရောက်သွားတာ စိတ်မကောင်းစရာပဲ။ တရားရုံးထဲကို ဝင်ပြီးရင်ပြန်ထွက်ရန် မလွယ်ကူလှဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now