အခန်း(၁၀)

2.4K 214 2
                                    

အခန်း(၁၀)

ရှင့် အဝတ်အစား ချွတ်လိုက်။

 

သူ့ အဝတ်အစား ချွတ်ရမယ်??

အန္တရယ်အငွေ့အသက်တွေက သူ့မျက်လုံးထဲပေါ်လာသည်။ အမှောင်ထဲမှာတောင် သူက မကျေနပ်ဘူး ဆိုတာထင်ရှားတယ်။  Han Yunxi ဟာ ထိုလူ သူမကို စိုက်ကြည့်နေတာ ခံစားမိလိုက်သည်။

“ရှင် ဘာလာကြည့်နေတာလဲ။ ရှင် အဝတ်မချွတ်ရင် ကျွန်မက ဒဏ်ရာကို ဘယ်လိုစစ်ဆေးရမှာလဲ။ ရှင်က ယောကျာ်း၊ ကျွန်မက မိန်းမ။ကျွန်မကတောင်ရှုံးသေးတယ် ရှင်မဟုတ်ဘူး။"

Han Yunxi ဟာ ပြောရင်းဆိုရင်း သူမ ကိုယ်တိုင် ချွတ်ပေးဖို့ ပြင်လိုက်တယ်။

 Soaring Cloud ဆေးရုံဥက္ကဋ္ဌရဲ့စကားကို သူမ ပြန်ကြားမိတယ်။ ဆရာဝန်တစ်ယောက် ရှေ့မှာ ယောကျာ်းမိန်းမဆိုတာမရှိဘူး။

အနဲဆုံးတော့ သူမက ဒီလိုအရာတွေကို ကျင့်သားရနေပြီ။ သူမလက်နီးကပ်လာချိန်မှာ ထိုအမျိုးသားက မိန်းမတစ်ယောက်ထိမှာကို မနှစ်သက်တဲ့ပုံစံဖြင့် သူမလက်ကို ရိုက်ထုတ်လိုက်တယ်။

“ငါ့ဘာသာငါလုပ်မယ်"

ယခုအချိန်ထိ သူ့ရဲ့ အေးစက်စက်လေသံမှာ နွေးထွေးမှုအနည်းငယ်ပင် မရှိချေ။ အဆိပ်က သာမာန်မဟုတ်သော်လည်း ထိုအမျိုးသားမှာ အားအင်တွေကျန်နေတုန်းပင်။ သူက အပေါ်ရုံကိုလျင်မြန်စွာ ချွတ်လိုက်သည်။

အမှန်တိုင်းပြောရရင် Han Yunxi က အမှောင်ထဲ ဘာမှကို သိပ်မမြင်ရဘူး။ လူ့ခန္ဓာကိုယ်က ပြောင်းလဲမသွားလို့သာ သူမက အဓိကအပ်စိုက်မှတ်တွေကို မျက်လုံးမှိတ်ပြီးတောင်ရှာနိုင်တာ။

အပ်နှစ်ချောင်းစိုက်ပြီးချိန်မှာတော့ နှလုံးကို အဆိပ်ပျံ့တာ ရပ်သွားတယ်။

ပြီးနောက်မှာတော့ သူမ ဒဏ်ရာနားမှ သွေးနမူနာယူလိုက်တယ်။

ရင်ဘတ်မှ အပ်ပြန်နှုတ်လိုက်ချိန်မှာ  နှလုံးမှနာကျင်မှု လျော့သွားတာကြောင့် အမျိုးသားဟာ အနည်းငယ် သတိလျော့လိုက်သည်။

“ ခဏနေဦး၊ ကျွန်မ မီးသွားထွန်းလိုက်ဦးမယ်။"

သူမ အိပ်ခန်းထဲဝင်ရတဲ့ အခွင့်အရေးကိုသုံးပြီး သွေးနမူနာကို သူမရဲ့ လေဟာနယ်အိတ်ထဲမှာရှိတဲ့ အဆိပ်ဖြေစနစ်ထဲ စစ်ဆေးဖို့ပို့လိုက်တယ်။ ရလဒ်က မထင်မှတ်ထားစရာပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now