အခန်း(၁၄၀)

1.6K 187 26
                                    

အခန်း(၁၄၀)

စိတ်လှုပ်ရှားသွားခြင်း။ မင်းကို လက်ခံပေးမယ်။



ကြင်ယာတော်ကြီးYiမှာ Han Yunxi အား ဂရုတစိုက် လေ့လာနေသည်။

ဒီမိန်းကလေးရဲ့ အမေက မယ်တော်ကြီးရဲ့ အသက်ကယ်တင်ရှင်ဖြစ်သည်။ ဒီနေ့ သူမ(Han Yunxi)ကလည်း သူမရဲ့ အသက် ကယ်တင်ရှင်ဖြစ်လာတယ်။ သူတို့က ကံကောင်းတဲ့ သူတွေလို့ ယူဆလို့ရလား။

ကြင်ယာတော်ကြီးYi မှာ သူမတစ်ဘဝလုံး မောင်းမဆောင်တွင် ကြမ်းတမ်းသော ရုန်းကန်မှုများကြားမှ အသက်ရှင် နေနိုင်ခဲ့သည်။ သူမက ကိုင်တွယ်ရန် လွယ်ကူသည့် သူမျိုးမဟုတ်ပေ။ Murong Wanru က လူပဲ လွှတ်လိုက်ပြီး အသေးစိတ်ရှင်းမပြတာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်ပေမယ့် Han Yunxi က သူတို့က ဘာကိုဆိုလိုချင်လဲဆိုတာ နားလည်နိုင်အောင် ထက်မြက်တယ်။ Murong Wanru က ကိုယ်တိုင် သူမကို သွားရှာခဲ့ရင်တောင် အဲ့ဒီကောင်မလေးက ရန်ငြိုးထားကာ ကိစ္စများအား ခက်ခဲအောင်လုပ်မှာအား ကြင်ယာတော်ကြီးYi မှ စိုးရိမ်နေခဲ့သည်။ မထင်မှတ်စွာပင် Murong Wanru က ထွက်သွားသည်နှင့် သူမက ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ ရောက်လာသည်။

အမှန်တကယ်တော့ ဒီမိန်းကလေးက အလွန်အမင်းနောက်ကျပြီးမှ ပြန်လာတာ ဒါမှမဟုတ် ကုသနေချိန်အတွင်းမှာ သူမကို အေးစက်နေတာမျိုး လုပ်နိုင်တယ်။ အဆိပ်သမားတော်တွေနဲ့ တော်ဝင်သမားတော် အများကြီးက သူမကို ကုသဖို့ ကျရှုံးသွားတဲ့နောက် အဆိပ်မိပြီး သူမကွယ်လွန်သွားတာက Han Yunxi ကို အပြစ်တင်လို့လည်း မရဘူး။ နောက်ဆုံး သူမ ကွယ်လွန်သွားရင် ဒီမိန်းကလေးက ချင်ဝမ်အိမ်တော်ရဲ့ သခင်မ ဖြစ်လာလိမ့်မယ်။

သို့တိုင် သူမက အလျင်စလို ပြန်ရောက်လာရုံမကပဲ သူမကို စိတ်နှစ်ပြီးတော့ ကုသပေးခဲ့တယ်။ သူမက ရောက်လာတာနဲ့ တစ်ပြိုင်နက် ဆေးညွှန်း ဖန်တီးပေးပြီး အပ်စိုက်ပေးတယ်။ အဲ့တာတွေက သူမမှာ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သက်သေပြနေတာပဲ။ ကြင်ယာတော်ကြီးYi မှာ ရင်ထဲတွင် ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်သည်။

Han Yunxi ရေ…. Han Yunxi…နင်ကသာ မယ်တော်ကြီးနဲ့ ရောထွေးမနေရင် ငါက နင့်ကို လက်ခံပေးခဲ့မှာပဲ။ နင့်ရဲ့ ထက်မြက်တဲ့ အဆိပ်စွမ်းရည်က Feiye အတွက် အထောက်အပံ့ ဖြစ်နိုင်မှာပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now