အခန်း(၁၄၉)

1.5K 151 10
                                    

အခန်း(၁၄၉)

လျှို့ဝှက်ချက်၊ အပူအပင်ကင်းနေခြင်း။




သုံးရက်ကြာပြီးနောက် မက်မန်းပွင့်တွေ့ဆုံပွဲတော် စတင်ခဲ့သည်။

မြို့စွန်ရှိ တော်ဝင်မက်မန်းဥယျာဥ်များမှာ မွှေးရနံ့များ ဖြင့်ပြည့်နှက်နေသည်။ မက်မန်းပွင့်များသည် ကြီးမားသည့် အနီနှင့် ပန်းရောင် အဆုတ်လိုက်များဖြင့် ပွင့်ဖူးနေကြသည်။ အဝေးမှကြည့်လျှင် စိတ်ကူးယဥ်ဆန်ကာ ပန်းပင်လယ်ကြီးနှင့် ဆင်တူသယောင် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။

ယခုနှစ်တွင် စိုပြည်သည့် မက်မန်းပွင့်များမှာ ထူးထူးခြားခြား စောစီးစွာ ပွင့်လန်းလာကြသည်။ ပန်းပွင့်များနှင့် သစ်ပင်အောက်တွင် စားပွဲနေရာများ ပြင်ဆင်ထားသည်။ မင်းသမီး Changping နှင် အိမ်ရှေ့စံLong Tianmo တို့မှာ ထိပ်ဆုံးရှိ စားပွဲတွင် ဘေးချင်းယှဥ်ကာ ထိုင်နေကြသည်။ အိမ်ရှေ့စံ၏ ဘယ်ဘက် စားပွဲတွင် အနောက်ကျိုးမင်းသမီး Rongle, Duanmu Yao မှ ထိုင်နေသည်။

သပ်ရပ်ကာ အဆင့်အတန်းရှိသော စာပေသမား အနည်းငယ်ပါ တက်ရောက်ကြသော်လည်း စားသောက်ပွဲသို့ တက်ရောက်ကြသည့် ဧည့်သည်အများစုမှာ အမျိုးသမီးများသာဖြစ်သည်။ Long Tianmo မှာ လာချင်စိတ် မရှိသော်လည်း ယမန်နေ့ညက သူ၏ အဖေမှ ဂုဏ်သရေရှိဧည့်သည်အား အဖော်ပြုပေးရန် အမိန့်ပေးခဲ့သည်။ အစောပိုင်း ရက်အနည်းငယ်တုန်းကလည်း တော်ဝင်ဦးရီးတော်ချင်မှ မင်းသမီး Rongle နှင့် အချိန်ဖြုန်းပေးခဲ့ကြောင်း သိခဲ့ရသည်။ ကြည့်ရတာ အဲ့ဒီ ကောလဟာလတွေက အမှားတွေ ထင်တယ်........

တော်ဝင်အိမ်တော်ထက် ပို၍ ရက်စက်ကြမ်းတမ်းသည့်အရာ မရှိတော့ပေ။ ကြင်ယာတော်ဖြစ်စေ၊ ကိုယ်လုပ်တော်ဖြစ်စေ တော်ဝင်မျိုးနွယ်ရှိ အမျိုးသမီးများမှာ အဆုံးတွင် အသုံးချခံများသာဖြစ်သည်။ သူတို့က အသုံးဝင်လျှင် အခြားသူများက အခွင့်အရေးအတွက် အပြိုင်အဆိုင် သူတို့အား ကောင်းကင်ထိရောက်အောင် မြှောက်ပင့်ကြလိမ့်မည်ဖြစ်သည်။ သူတို့က အသုံးမဝင်တော့လျှင်မူ ဖိနပ်စုတ်ကဲ့သို့ ဖယ်ရှားပစ်ခံရမည်သာ ဖြစ်သည်။ အိမ်ရှေ့စံမှ လက်ရှိ အဖော်ပြုပေးနေသည့် အမျိုးသမီးအတွက်လည်း အတူတူဟု ပြောဆိုနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now