အခန်း(၇)

2.4K 229 0
                                    

အခန်း(၇)

တိုင်းပြည်ပျက်စီးစေနိုင်သော အလှ။

အတီးသမားတွေဟာ အချိန်မဆွဲရဲပဲ စတင်တီးမှုတ်လိုက်ကြတာကြောင့် နှဲသံ၊ ဗုံသံတွေဟာ သာယာစွာပျံ့နှံလာတယ်။

Han Yunxi လက်မြှောက်လိုက်ချိန်မှာတော့ အဒေါ်ကြီးဝမ်က အချိန်မဆွဲရဲပဲ လာကူလိုက်တယ်။ ယခုလို လူတိုင်းကြည့်နေချိန် သူမ မကူညီပါက သူမ အမှားများ ဖြစ်တော့မည်လေ။

ရာချီတဲ့ အကြည့်များအောက်မှာပင် သူမဟာ ချင်ဝမ်အိမ်တော်ရဲ့ လှေကားကိုတစ်လှမ်းခြင်းတက်သွားတယ်။ သူမရဲ့ ခြေလှမ်းတိုင်းဟာ ကျက်သရေရှိလွန်းတယ်။

ဒီ ကျော့ရှင်းထက်မြတ်မှုဟာ တစ်ချိန်က သူမဟာ ရုပ်ဆိုးဆိုး မိန်းကလေးဖြစ်ကြောင်း မေ့သွားစေလောက်တယ်။

Han Yunxiဟာ နောက်ဆုံး လှေကားထစ် မရောက်ခင်မှာဘဲ ရပ်လိုက်ရတယ်။ မြားတစ်စင်းက သူမ မျက်နှာရှေ့က ဖြတ်သွားပြီး သူမရဲ့ ပုဝါဟာလဲ မြေပြင်ပေါ်  ပြုတ်ကျသွားရတယ်။

“အား…လုပ်ကြံသူရှိတယ်…လုပ်ကြံသူ" အဒေါ်ကြီးဝမ်ဟာ အော်လိုက်ပြီး Han Yunxi ကိုလွှတ်ပေးကာလှေကားမှချော်ကျသွားတယ်။

ချင်ဝမ်အိမ်တော် ဘေးနှစ်ဖက်မှ အစောင့်များ ထွက်လာကြပြီး တရားခံရှာလိုက်ကြတယ်။ အချိန်အတော်ကြာပြီးနောက် တရားခံရှာမတွေ့ပဲ ဘာမှဆက်မဖြစ်တော့ပေ။

လူအုပ်ကြီးလည်းရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး Han Yunxi မှာလဲ ရင်တုန်သွားတယ်။ သူမ အဆိပ် ကျွမ်းကျင်ပေမယ့် ကိုယ်ခံပညာတော့မတတ်ဘူး။ မြှားက သူမဘေး စင်တီမီတာအနည်းငယ်လောက်က ဖြတ်သွားတာ သူမကို ကြောက်ရွံ့စေတယ်။

အစောင့်က ပုဝါကို ကောက်လိုက်ပြီး မြားအား စစ်ဆေးကြည့်ပြီးနောက်

“မိန်းကလေးHan ဒီမှာပါ..”

Han Yunxi ဟာလှည့်ပြီး မယူခင် စိတ်တည်ငြိမ်အောင် အရင်ထားလိုက်တယ်။

“ကျေးဇူးတင်ပါတယ်”

သူမ နောက်လှည့်လိုက်တာနဲ့ အစောင့်ခေါင်းဆောင်က ရုတ်တရက် မျက်လုံးပြူးသွားပြီး “အ..” ဟု ထိတ်လန့်စွာ ရေရွတ်ရင်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Où les histoires vivent. Découvrez maintenant