အခန်း(၃)
မပြန်ဘူး။ဒီအမကြီး က မလွယ်ဘူး။
ရယ်သံကျယ်ကျယ်တွေကို တစ်ခါတစ်ရံ ကြားရပေမယ့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတယ်။ Tianning တိုင်းပြည်မှာ သတို့သမီးကို မနက်ဖြန်မှ ပြန်လာဖို့ ပြောတာ ပထမဆုံး အကြိမ်ဖြစ်လောက်တယ်။ ဒါမျိုးက အတိတ်မှာကော အနာဂါတ်မှာပါ ဖြစ်လာမှာ မဟုတ်ဘူး။
လူအုပ်ကြီးထဲကနေ ရယ်သံတွေထွက်လာတယ်။ လိုက်ပို့တဲ့ အထမ်းသမားအုပ်စုကတောင် ကြိတ်ရယ်နေကြတယ်။ ဒီလိုအဖြစ်အပျက်ဟာ တကယ့်ကို ပထမဆုံး အကြိမ်ပါပဲ။ဝေါယာဥ်ပေါ်က Han Yunxi က တည်ငြိမ်စွာနဲ့ မျက်လုံးတွေကို မှေးလိုက်တယ်။ ချင်ဝမ် အိမ်တော်က အမှန်တကယ်ကိုလွန်သွားပြီ။
အဒေါ်ကြီးဝမ်ဟာ သက်ပြင်းချပြီး စိတ်ပျက်လက်ပျက် နဲ့ပြန်ဖို့ ပြင်လိုက်တယ်။
“ အိုက်ယား.... ဘယ်လိုတောင် ကံဆိုးရတာလဲ။ငါက သတို့သမီး ပို့ဆောင်ပေးသူအဖြစ် နှစ်ပေါင်းများစွာလုပ်ကိုင်လာပေမယ့် ဒါမျိုး တစ်ခါမှမကြုံဖူးဘူး။ မြန်မြန်ပြန်ရအောင်။"
ဝေါယာဥ်ကို အထမ်းသမားတွေ မ မခင်မှာဘဲ Han Yunxi က ပြောလိုက်တယ်။
“ခဏနေဦး"
အမ်…ဘယ်သူပြောလိုက်တာလဲ???
လူအုပ်ကြီးက လှည့်ပတ်ရှာကြည့်လိုက်ပေမယ့် ပြောတဲ့လူကို မတွေ့ဘူး။
“အဒေါ်ကြီးဝမ် မနက်ဖြန် ဘယ်အချိန်လာရမလဲ ဆိုတာ မေးပေးနိုင်မလား။" Han Yunxi နောက်တစ်ကြိမ် စကားပြောလိုက်ချိန်တွင် သူမရဲ့ လေသံ မှာ မာန်အပြည့် နဲ့ထွက်လာတယ်။သူမရဲ့ အသံက သိပ်မကျယ်ပေမယ့် လူအုပ်ကြီးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
စက္ကန့်ပိုင်းအတွင်းမှာဘဲ မယုံကြည်နိုင်တဲ့ အကြည့် တွေက ဝေါယာဥ်ကို ရောက်လာတယ်။ ဒီစကားတွေကို Han Yunxi အမှန်တကယ် ပြောလိုက်တာလား? ဒီလို အခြေအနေမျိူးမှာ သူမက ငိုနေရမှာမလား? သူမ အမှန်တကယ်ကို စကားပြောရဲတယ်ပေါ့လေ။ ပြီးတော့ ရှင်းရှင်းလင်းလင်းကြီး????
“အဒေါ်ကြီးဝမ် ဘာတွေ တွေဝေနေတာလဲ။ ရှင်က ဒီသခင်မလေးကို လမ်းမှားကနေ ခေါ်လာတဲ့အတွက် တာဝန်အပြည့်ယူချင်နေတာလား။" Han Yunxi ရဲ့ လေသံဟာ တင်းမာလာတယ်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော်
Historical Fictionအလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင် ရပ်နေခဲ့သ...